မြန်မာနဲ့ပွဲအတွက်အသင့်ဖြစ်နေပြီဖြစ်တဲ့အာဆီယံအကောင်ဆုံးဘောလုံးသမား

ချန်နာတစ်ဟာအာဆီယံအကောင်းဆုံးဘောလုံးသမားဆုကို

ပူပူနွေးနွေးရရှိထားသူပါ။သူဟာလက်ရှိဂျေလိဂ်ကလပ်ဆပ်ပိုရို

အသင်းမှာကစားနေသူုဖြစ်ပါတယ်။ဆပ်ပိုရိုအသင်းမှာလည်းအဓိကကစားသမား

အဖြစ်Line -Upဝင်နေသူပါ။သူဟာထိုင်းဘောလုံးလောကရဲ့

Iconတစ်ယောက်ဖြစ်လို့လာနေပါတယ်။

သူဟာမြန်မာနဲ့ခြေစမ်းပွဲအတွက်ဘန်ကောက်ကိုမနေ့က

ပြန်ရောက်လာခဲ့ပါတယ်။ဘန်ကောက်ကိုပြန်မလာခင်မှာပဲ

ချန်နာတစ်ဟာဆပ်ပိုရိုအသင်းရဲ့ပွဲစဉ်တစ်ပွဲကို

ကစားခဲ့ရပြီးမောပန်းနွမ်းနယ်နေခဲ့ပါတယ်။ဒါပေမယ့်

သူမြန်မာအသင်းနဲ့ကစားမယ့်ပွဲအတွက်အဆင်သင့်

ဖြစ်နေပါပြီလို့ပြောပြပါတယ်။ထိုင်းအသင်းအတွက်

ကိုယ်စားပြုကစားပေးရတာဟာသူအလုပ်ချင်ဆုံး

အရာလို့ပြောပြပါတယ်။

မာနဲ့ထိုင်းပွဲမှာလက်ရှိအာဆီယံအကောင်းဆုံး

ကစားသမားချန်နာတစ်ရဲ့ခြေစွမ်းတွေကိုပရိသတ်

တွေတွေ့မြင်ရမှာပါ။ချန်နာတစ်တို့ရဲ့ထိုင်းအသင်းဟာ

မြန်မာနဲ့ငါးရက်နေ့ပွဲအပြီးရှစ်ရက်နေ့မှာကင်ညာနဲ့

ဘန်ကောက်မှာခြေစွမ်းပွဲထပ်ကစားဦးမှာပါ။

မန္တလာမြေကပွဲမှာတော့ချန်နာတစ်နဲ့အပြိုင်မြန်မာ

ဘက်ကဘယ်သူတွေခြေစွမ်းပြမလဲဆိုတာကိုတော့စောင့်ကြည့်ကြပါစို့....

source-Siam Sport

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။