ရတနာပုံနေပြည်တော်ရောက်လာပြီဖြစ်တဲ့ထိုင်းစစ်ဆင်ကြီးများ

ထိုင်းအသင်းရဲ့နာမည်ပြောင်ကWar Elephants ပါ။

စစ်ပွဲအတွင်းကတိုက်ဆင်ကြီးတွေပေါ့။သူတို့တွေအခု

ထိုင်းနိုင်ငံဘန်ကောက်မြို့ကနေတဆင့်မန္တလေးရတနာပုံ

နေပြည်တော်ကြီးဆီရောက်လာကြပါပြီ။စစ်ဆင်ကြီးတွေဆိုလို့

ကုန်းကြောင်းလျှောက်လာတယ်လို့တော့မထင်ပါနဲ့

Air Asiaလေယာဉ်ကြီးစီးပြီးလာကြတာပါ။

ထိုင်းနည်းပြမီလိုဗန်နဲ့အတူထိုင်းကစားသမားတွေကိုစုံစုံလင်လင်တွေ့ခဲ့ရပါတယ်။

အခုရွေးချယ်ထားတဲ့လူစာရင်းဟာထိုင်းပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးလူစာရင်းဖြစ်ပြီးပီရာပတ်၊ကာဝင်၊တီရာဆေးဒန်ဒါ၊

တီရာသွန်၊ချာနာတစ်၊သစ်ဖန်းစတဲ့နာမည်ကြီးကစားသမားတွေအကုန်ပါဝင်လာခဲ့တာပါ။

သူတို့တွေဟာစုစည်းလေ့ကျင့်ချိန်နည်းပါးနေခဲ့ပေမယ့်

ယုံကြည်မှုအပြည့်နဲ့မန္တလေးကိုရောက်လာကြပါပြီ။

အိမ်ရှင်ဖြစ်တဲ့မြန်မာ့လက်ရွေးစင်အသင်းကတော့

ထိုင်းအသင်းထက်စောပြီးမန္တလေးကိုရောက်ရှိနေခဲ့ပါတယ်။

လေ့ကျင့်မှုတွေလည်းထိုင်းအသင်းထက်စောပြီးပြုလုပ်ထားနိုင်ပါတယ်။

မန္တလာသီရိကစားကွင်းကြီးထဲကစစ်ဆင်ကြီးတွေကိုအောင်သူတို့

ဘယ်လိုယှဉ်ပြိုင်ထိန်းချုပ်သွားမလဲဆိုတာကတော့စိတ်ဝင်စားစရာပါ။မစောင့်နိုင်တော့ဘူးဗျို့။

Sourrce-FAT

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။