မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ စီးရီးအေးပွဲစဉ်မှာတော့ အတ္တလန်နာအသင်း နဲ့ ဂျူဗင်တပ်အသင်းတို့ဟာ တစ်ဖက် ၂ ဂိုး စီနဲ့ သရေကြခဲ့တာလည်းဖြစ်ပါတယ်။ယခု သရေရလဒ်ကြောင့် ဂျူဗင်တပ်အသင်းဟာ အဆင့် ၂ နေရာကို မှာရှိနေခဲ့ပြီး အဆင့် ၁ က နာပိုလီအသင်းနဲ့ ၂ မှတ်ကွာဟခဲ့ပြီလည်းဖြစ်ပါတယ်။စီးရီးအေပွဲစဉ်မှာ နာပိုလီတစ်သင်းတည်းသာ ရာနူန်းပြည့် နိုင်ပွဲရယူထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အတ္တလန်နာအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ကော်လီနီအပ်၊ ကာတစ်၊ ဂိုမက်၊ ဟာတီဘိုအာ၊ ခရစ်စတန်တီ၊ ဖောင်လာ တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဂျူဗင်တပ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဟီဂူအင်၊ ဘာနာဒက်ချီ၊ ဒီဘာလာ၊ မန်ဇူကစ်၊ မာတွီဒီတို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဂျူဗင်တပ်အသင်းက အနည်းငယ်အသာရခဲ့ပေမဲ့ အိမ်ရှင်အသင်းရဲ့ မာမာထန်ထန်တုံ့ပြန်မှုတွေကြောင့် အမှတ်ခွဲယူခဲ့ရတာလည်းဖြစ်ပါတယ်။

အဖွင့်ဂိုးကိုတော့ ဂျူဗင်တပ်အသင်းက သတင်ရရှိခဲ့တာဖြစ်ပြီး ဒီဂိုးကိုတော့ ၂၁ မိနစ်မှာ ဘာနာဒက်ချီ က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ဆက်တိုက်တိုသလို နောက် ၃ မိနစ်မှာ ဟီဂူအင်က ဂျူဗင်တပ်အသင်းအတွက် ဒုတိယမြောက်ဂိုးကိုသွင်းယူပေးခဲ့ပါတယ်။၃၁ မိနစ်မှာတော့ အတ္တလန်နာအသင်းအတွက်ချေပဂိုးကို ကယ်ဒါရာက သွင်းယူပေးခဲ့ပါတယ်။၆၇ မိနစ်မှာ အတ္တလန်နာအသင်းအတွက် ဒုတိယမြောက်ချေပဂိုး ကို ခရစ်စတန်တီ က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။