မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ စီးရီးအေပွဲစဉ်မှာအိမ်ရှင် အေစီမီလန်အသင်းကို ရိုးမားအသင်းက ၂ ဂိုး ဝ ဂိုး နဲ့ အနိုင်ယူခဲ့ပြီး အနိုင်သုံးမှတ်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ရိုးမားအသင်းဟာ တည်ငြိမ်တဲ့ ခြေစွမ်းကို ဆက်တိုက်ပြသနိုင်ခဲ့ပြီး တစ်ပွဲလျော့ကန်ထားပြီး အဆင့် ၅ နေရာထိ တက်လှမ်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။အေစီမီလန်အသင်းကတော့ အဆင့် ၇ နေရာထိ ရောက်ရှိခဲ့ပြီလည်းဖြစ်ပါတယ်။

အေစီမီလန်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ အန်ဒရီဆေးဗာလ်း၊ ကလာနစ်၊ ဘိုရီနီ၊ ကတ်ဆီရီ ၊ဘစ်ဂလီရာ၊ ကေဟမ်နိုဂလူး တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ရိုးမားအသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ ဖလော်ရန်ဇီ၊ ဒီဇီကို၊ အယ်ရှာရာဝီ၊ နိုင်ဂိုလန်၊ ဒီရော့ဆီ၊ စထရူးမန်း တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အေစီမီလန်အသင်းဟာ အိမ်ရှင်ဖြစ်ပေမဲ့လည်း ရိုးမားအသင်းရဲ့ ကစားကွက်အောက်ထဲမှာ ရောက်ရှိခဲ့တာဖြစ်ပြီး အရှုံးပေးခဲ့ရတာလည်းဖြစ်ပါတယ်။

ပထမပိုင်းမှာ နှစ်သင်းစလုံးဟာ ဂိုးမရှိသရေရလဒ်နဲ့ ပြီးဆုံးခဲ့တာဖြစ်ပါတယ်။ဒုတိယပိုင်း ၇၂ မိနစ်မှာတော့ ရိုးမားအသင်းအဖွင့် ဂိုးစတင်ရရှိခဲ့တာဖြစ်ပြီး းီဂိုးကိုတော့ ဒီဇီကို က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။နောက် ငါးမိနစ်အကြာမှာ ပဲ အေစီမီလန်အသင်းဟာ ရိုးမားအသင်းရဲ့ ဒုတိယဂိုးကို ခွင့်ပြုပေးခဲ့ရပြီး ဒီဂိုးကိုတော့ ဖလော်ရန်ဇီ က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။