အမေရိကန် လတ်စ်ဗတ်မြို့ကတော့ လောင်းကစားကြောင့်နာမည်ကြီးပါတယ်။ အဆိုပါ လတ်စ်ဗီဂတ်မြိုရှိ မန္တလေးဘေး အမည်ရဟိုတယ်မှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ ဒေသစံတော်ချိန် ၁ရက်နေ့ ည၁၀ခွဲမှ ဖြစ်ပွားခဲ့တာပါ။ မန္တလေးဘေးဟိုတယ်ရှိ လောင်းကစားရုံနားမှာဖြစ်ခဲ့တာပါ။

သေနတ်သမားအနေဖြင့် ဟိုတယ်တွင် ပျော်ပွဲရွင်ပွဲ ကျင်းပနေတုန်းပစ်ခတ်ခဲ့တာပါ။ ဟိုတယ်ရှိ Country တေးသံပွဲ ဖျော်ဖြေ နေတုန်း သေနတ်သမားက ပစ်ခဲ့တာပါ။ ထိုကဲ့သို့ ပစ်ခတ်နေပုံတွေဟာ လူမှုကွန်ယက်တွေပေါ်တက်လာပါတယ်။ ထိုအထဲက ဗီဒီယိုတစ်ချိ့မှာ သေနတ်ကိုပင် မြင်တွေ့နိုင်ပါတယ်။ 

ထိုကဲ့ကို့ပစ်ခတ်မှုကြောင့် လူ၅၀ယောက် သေဆုံးခဲ့ရပါတယ်။ ဒါ့အပြင် အယောက်၂၀၀ခန့် ဒဏ်ရာရခဲ့ပါတယ်။ ရဲတပ်ဖွဲ့ကတော့ သံသယတရားခံတစ်ယောက်ကို အသေပစ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ စိူးရိမ်လူနာများကို အရေးပေါ်ကူညီနေပါတယ်။

Hein (Mg Lu Aye)

Source – Express.co.uk

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။