မော်ရင်ဟိုက အစသင်း၏ ဒဏ်ရာရ ကစားသမား ပေါ့ဘာအကြောင်းပြောခဲ့ပါတယ်။ မန်ချက်စတာယူနိုင်တက် အသင်းကတော့ လက်ရှိအချိန်မှာ ခြေစွမ်းကောင်းတွေ ဆက်တိုက်ပြသထားပါတယ်။ မန်ချက်စတာယူနို်င်တက်သာမက မန်ချက်စတာစီးတီးကပါ ရလဒ်တွေကောင်းနေပါတယ်။ မန်ချက်စတာမြိုကခံ၂သင်းက ဇယားထပ်ဆုံးမှာ အမှတ်တူ ဂိုးကွာခြားချက်ဖြင့် အထက်အောက်ရပ်တည်နေပါတယ်။

ခရစ္စတယ်လ် ပဲလေ့စ်ကို အိုးလ်ထရက်ဖို့ဒ်မှာ ၄-၀ နဲ့ သက်တောင့်သက်သာ အနိုင်ယူခဲ့ပြီးနောက် ယူနိုက်တက်ဟာ ရမှတ်တူ၊ ဂိုးကွာခြားချက်အရ အမှတ်ပေးဇယား ဒုတိယ နေရာမှာ ရပ်တည်နေပါတယ်။ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် အဆင့် ၆ နေရာနဲ့ ရာသီသိမ်းခဲ့ပေမယ့် ရာသီသစ်မှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အဖွင့် ရ ပွဲမှာ ၆ ပွဲနိုင်၊ ၁ ပွဲသရေကျပြီး ပုံစံကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။ ယခုအခါ မန်ယူအသင်းနည်းပြ ပေါ့ဘာက တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရသည့် အသင်းကွင်းလယ်လူ ပေါ့ဘာအကြောင်း စဉ်းစားနေမည်မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

မန်ချက်စတာယူနိုင်တက်၏နည်းပြ မော်ရင်ဟိုက ” ဒဏ်ရာရကစားသမားတွေကို ကျွန်တော် မလွမ်းပါဘူး။ ဒါဟာ ကျွန်တော်တို့ သွားနေကျလမ်းကြောင်းပါပဲ။ သူတို့မှာ ဒဏ်ရာပြဿနာရှိတယ်။ ကျွန်တော် သူတို့အကြောင်း မစဉ်းစားဘူး။ ဒါပါပဲ။ ပြီးတော့ တခြားကစားသမားတွေအတွက်လည်း အခွင့်အရေးရစေပါတယ်။ ဒါကို ကျွန်တော် အကောင်းဘက်ကနေပဲ မြင်ပါတယ်” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။ မော်ရင်ဟိုသည် ပြီးခဲ့သည့်ရက်ပိုင်းကလည်း ပေါ့ဘာ၏ဒဏ်ရာမှာ ကာလကြာရှည်အနားယူရမည့် ဒဏ်ရာဖြစ်ကြောင်းလည်း အတိအလင်းဖွင့်ဟခဲ့သည်။

Source – Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။