တနင်္ဂနွေနေ့ ညက Las Vegas country တေးဂီတပွဲ ပစ်ခတ်မှုမှာ ကြံုတွေ့ခဲ့တဲ့ မျက်မြင်ကြံုတွေ့သူတစ်ယောက် ကတော့ “အရမ်းကို ဖရိုဖရဲ ဖြစ်သွားခဲ့ပါတယ်။ ကျွန်တော့်သူငယ်ချင်း အပစ်ခံလိုက်ရပါတယ်။ ကျွန်တော်သူ့ကိုတစ်ယောက်ထဲ မပစ်ထားနိုင်ပါဘူး” လို့ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ သူငယ်ချင်းဟာ သေနတ်သမား လူအုပ်ထဲကို ပစ်ခတ်ချိန် သုံးချိန်တိုင်ပစ်ခတ်ခြင်းခံခဲ့ရပါတယ်။

လူပေါငး် ၅၀ ကျော်လောက်သေကြေခဲ့ပြီး အနည်းဆုံး လူပေါင်း ၅၀၀ လောက် ဒဏ်ရာရခဲ့ပါတယ်။ အမေရိကန် သမိုင်းမှာတော့ Jason Aldean ရဲ့ ရှိုးပွဲဖျော်ဖြေမှုနောက်ပိုင်း အသေအပျောက် အများဆုံး ပစ်ခတ်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ပစ်ခတ်သူ ဟာ အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ Stephen Paddock ဖြစ်ပြီး သူဟာ ကိုယ့်ဟာကို သတ်သေပြီးသေဆုံးခဲ့ပါတယ်။

မျက်မြင်ကြံုတွေ့သူ တစ်ယောက်ဖြစ်တဲ့ Cronk က ပစ်ခတ်ခံရသူ တွေကို ဆေးရုံကားပေါ်တင်ပေးတာတွေကို ကူညီလုပ်ဆောင်ပေးခဲ့ပါတယ်။ ကလေးငယ်တစ်ယောက်ကို လည်း ကယ်ဖို့ကြိုးစားရင်း လက်ထဲမှာတင်သေဆုံးသွားခဲ့တယ်လို့ သူက သတင်းဌာနကိုပြောကြားသွားခဲ့ပါတယ်။ ဒီပစ်ခတ်မှု ကြောင့် အရာအားလုံးဟာ ကမ္ဘာပျက်သလို ၀ရုန်းသုံးကားဖြစ်သွားခဲ့ပါတယ်။

Source: Today News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။