ပေါ့ဘာအနေဖြင့် ခြေထောက်ဒဏ်ရာကို ရရှိထားပါတယ်။ သို့သော် မန်ချက်စတာယူနိုင်တက် အသင်းကတော့ လက်ရှိအချိန်မှာ ခြေစွမ်းကောင်းတွေ ဆက်တိုက်ပြသထားပါတယ်။ မန်ချက်စတာယူနို်င်တက်သာမက မန်ချက်စတာစီးတီးကပါ ရလဒ်တွေကောင်းနေပါတယ်။ မန်ချက်စတာမြိုကခံ၂သင်းက ဇယားထပ်ဆုံးမှာ အမှတ်တူ ဂိုးကွာခြားချက်ဖြင့် အထက်အောက်ရပ်တည်နေပါတယ်။ 

ခရစ္စတယ်လ် ပဲလေ့စ်ကို အိုးလ်ထရက်ဖို့ဒ်မှာ ၄-၀ နဲ့ သက်တောင့်သက်သာ အနိုင်ယူခဲ့ပြီးနောက် ယူနိုက်တက်ဟာ ရမှတ်တူ၊ ဂိုးကွာခြားချက်အရ အမှတ်ပေးဇယား ဒုတိယ နေရာမှာ ရပ်တည်နေပါတယ်။ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် အဆင့် ၆ နေရာနဲ့ ရာသီသိမ်းခဲ့ပေမယ့် ရာသီသစ်မှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အဖွင့် ရ ပွဲမှာ ၆ ပွဲနိုင်၊ ၁ ပွဲသရေကျပြီး ပုံစံကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။ အဆိုပါပွဲတွေမှာ မာတစ်က အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ 

မာတစ်က ကွင်းလယ်က အသင်းဖော် ပေါ့ဘာနှင့်ပတ်သတ်ပြီး '' ပေါဂ်ဘာဟာ အသင်းရဲ့ ပွဲအချို့ကို လွဲချော်မယ်ဆိုတာ ကျွန်တော်တို့ သိပြီးသားပါ ။ သူဟာ ကြီးကျယ်တဲ့ ကစားသမားတစ်ယောက် ဖြစ်ပြီး ကျွန်တော်တို့အတွက် အရေးပါတဲ့ ကစားသမားတစ်ယောက်ပါ ။ သူဟာမကြာခင် အသင်းအတွက် အဆင်သင့် ဖြစ်တော့မှာပါ။ ပေါ့ဂ်ဘာဟာ မန်ချက်စတာ ယူနိုက်တက်အတွက် အရေးပါတယ်ဆိုတာ လူတိုင်း သိကြပါတယ် ။ ဒါပေမယ့် သူမရှိတဲ့ ပွဲတွေမှာ ကစားပေးဖို့အတွက် ကျွန်တော့်တို့ဆီမှာ ကစားသမားကောင်းတွေ ရှိနေပါသေးတယ် '' လို့ မှတ်ချက်ပေးခဲ့ပါတယ်။

Source – Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။