အန်ဆယ်လော့တီကတော့ ဘိုင်ယန်မြူးနစ်အသင်းကနေ အထုတ်ခံခဲ့ရပြီဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်က ဒီရာသီမှာ ရလဒ်တွေ မကောင်းပါဘူး။ ပီအက်စ်ဂျီကိုလည်း ချန်ပီယံလိဂ်မှာ ရှုံးနိမ့်ခဲ့ပါတယ်။ ၃-၁ဂိုးရလဒ်ဖြင့် ရှုံးခဲ့တာပဲဖြစ်ပါတယ်။

အဆိုပါ ပွဲအပြီးမှာတော့ အန်ဆယ်လော့တီက အထုတ်ခံခဲ့ရပါတယ်။ ဘိုင်ယန်မြူးနစ်အသင်း ရလဒ်တွေမကောင်းလို့ထုတ်ခဲ့တာပါ။ အန်ဆယ်လော့တီက လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေပါတယ်။ ဒါ့ကြောင့် စကိုလာရီက အန်ဆယ်လော့တီကို တရုတ်ကလပ်တွေမှာ နည်းပြဖို့ခေါ်ခဲ့တာပါ။

ကွမ်ကျိုး အဲဗားဂရန့် အသင်းနည်းပြချုပ် စကိုလာရီက “အန်ဆယ်လော့တီ သာ တရုတ်စူပါလိဂ် ကို လာပြီး ကွမ်ကျိုးအသင်းအတွက် နည်းပြဖို့ အခွင့် အရေးပေါ်လာခဲ့မယ်ဆိုရင် ဒါကို သူ့အနေနဲ့ လက်လွှတ်မခံသင့်ဘူးလို့ ကျွန်တော်ထင်ပါတယ် ။ ကွမ်ကျိုး အဲဗားဂရန့် ဟာ တကယ် အံ့သြဖွယ်ရာ ကလပ်အသင်းတစ်သင်းပါ ။ တကယ် ကောင်းမွန်တဲ့ ပတ်ဝန်းကျင်နဲ့ စီမံကိန်းတွေ ရှိနေပါတယ် ။ အန်ဆယ်လော့တီ သာမက ဘယ်နည်းပြအတွက် မဆို ကွမ်ကျိုး ဟာ ရွေးချယ်သင့်တဲ့ နေရာတစ်ခုပါပဲ။ ကျွန်တော် နဲ့ ကွမ်ကျိုးတို့ရဲ့ စာချုပ် က နိုဝင်ဘာ ၃၀ ဆို ပြီးဆုံးတော့မှာပါ ။ ဒီမတိုင်ခင် အသင်းရဲ့ စီမံကိန်း တွေကို ဖြည့်ဆည်းပေးခဲ့ချင်ပါတယ်” လို့ပြောခဲ့တာပါ။

Source – Mirror  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။