ယနေ့ အောက်တိုဘာလ ၃ ရက်နေ့မှာ မန်ယူအသင်းရဲ့ တိုက်စစ်မှုး အီဗရာဟီမိုဗစ် ရဲ့ ၃၆ နှစ်ပြည့်မွေးနေ့လည်းဖြစ်ပါတယ်။အီဗရာဟီမိုဗစ်ဟာ ဆွီဒင်နိုင်ငံမှာ မွေးဖွားခဲ့တာလည်းဖြစ်ပါတယ်။ အောက်တိုဘာ ၃ ရက်နေ့ ၁၉၈၁ ခုနှစ်ဟာ သူရဲ့ မွေးရက်လည်းဖြစ်ပါတယ်။ကစားသမားဘဝအောင်မြင်မှုများစွာရယူထားနိုင်ခဲ့တဲ့ အီဗရာဟီမိုဗစ် တစ်ယောက် အသက် တစ်နှစ်ကြီးရင့်ခဲ့ပေမဲ့ ခြေစွမ်းကတော့ တောက်ပနေဆဲပဲဖြစ်ပါတယ်။

ကစားသမားဘဝမှာ ကလပ်အသင်းများစွားမှာကစားပေးခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ကစားသမားဘဝကို မယ်မိုအသင်းမှာ စတင်ခဲ့တာဖြစ်ပြီး အေဂျက်၊ ဂျူဗင်တပ်၊ အင်တာမီလန်၊ ဘာစီလိုနာ၊ အေစီမီလန် ၊ PSG တို့မှာ ကစားခဲ့တာဖြစ်ပြီး လက်ရှိမှာ မန်ယူအသင်းမှာ ကစားနေတာလည်းဖြစ်ပါတယ်။

မန်ယူအသင်းနဲ့ မနှစ်က ယူရိုပါလိဂ်ဖလားဆွတ်ခူးအောင်မြင်ခဲ့တာလည်းဖြစ်ပြီး ဒဏ်ရာပြသာနာတွေကြောင့် အနားယူနေရတာလည်းဖြစ်ပါတယ်။မန်ယူနည်းပြ မော်ရင်ဟိုက ဒီနှစ်ရာသီမှာ ဒဏ်ရာကအနည်းငယ်သက်သာလာခဲ့တဲ့ အီဗရာဟီမိုဗစ်ကို တကျော့ပြန် ပြန်လည်ခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။ကစားသမားဘဝမှာ ဒီထက်ပိုပြီး အောင်မြင်မှုတွေဆက်လက်ရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ဗျာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။