မန်ချက်စတာယူနိုင်တက်က အဆင့်၂မှာ ရပ်တည်နေပါတယ်။ မန်ချက်စတာယူနိုင်တက် အသင်းကတော့ လက်ရှိအချိန်မှာ ခြေစွမ်းကောင်းတွေ ဆက်တိုက်ပြသထားပါတယ်။ မန်ချက်စတာယူနို်င်တက်သာမက မန်ချက်စတာစီးတီးကပါ ရလဒ်တွေကောင်းနေပါတယ်။ မန်ချက်စတာမြိုကခံ၂သင်းက ဇယားထပ်ဆုံးမှာ အမှတ်တူ ဂိုးကွာခြားချက်ဖြင့် အထက်အောက်ရပ်တည်နေပါတယ်။

ခရစ္စတယ်လ် ပဲလေ့စ်ကို အိုးလ်ထရက်ဖို့ဒ်မှာ ၄-၀ နဲ့ သက်တောင့်သက်သာ အနိုင်ယူခဲ့ပြီးနောက် ယူနိုက်တက်ဟာ ရမှတ်တူ၊ ဂိုးကွာခြားချက်အရ အမှတ်ပေးဇယား ဒုတိယ နေရာမှာ ရပ်တည်နေပါတယ်။ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် အဆင့် ၆ နေရာနဲ့ ရာသီသိမ်းခဲ့ပေမယ့် ရာသီသစ်မှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အဖွင့် ရ ပွဲမှာ ၆ ပွဲနိုင်၊ ၁ ပွဲသရေကျပြီး ပုံစံကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။ မားကပ်ရပ်ရှ်ဖို့ဒ်ကမန်ချက်စတာယူနိုက်တက်အသင်းမှာနေရာတစ်နေရာအတွက်အန်သိုနီမာရှယ်နဲ့ယှဉ်ပြိုင်နေရတာဟာအားလုံးအတွက်ကောင်းတယ်လို့ပြောလိုက်ပါတယ်။ 

ရပ်ရှ်ဖို့ဒ်နဲ့မာရှယ်တို့ဟာဒီရာသီပုံစံကောင်းတွေရရှိနေတဲ့မန်ယူအသင်းမှာခြေစွမ်းပြကစားလျက်ရှိနေပြီး စနေနေ့ကပဲလေ့စ်ကို၄ဂိုးပြတ်နဲ့နိုင်ခဲ့တဲ့ပွဲမှာ ရပ်ရှ်ဖို့ဒ်ကနှစ်ဂိုးဖန်တီးနိုင်ခဲ့သလို မာရှယ်ကလည်းတစ်ဂိုးဖန်တီးပေးခဲ့ပါတယ်။ မာရှယ်နဲ့မန်ယူအသင်းမှာယှဉ်ပြိုင်နေရတာနဲ့ပက်သက်ပြီိးရပ်ရှ်ဖို့ဒ်က "ပြိုင်ဆိုင်မှုဆိုတာသာမရှိရင်တိုးတက်မှုလည်းရှိလာမှာမဟုတ်ပါဘူး။ လူငယ်ကစားသမားတွေအနေနဲ့ဒီလိုပြိုင်ဆိုင်မှုပြင်းထန်တဲ့ပတ်ဝန်းကျင်ရှိနေဖို့လိုအပ်ပါတယ်။ ကျွန်တော်အမြင်ကတော့ခုချိန်မှာကျွန်တော်တို့နှစ်ယောက်စလုံးကိုဘောလုံးကစားရတာကိုအလွန်ပျော်ရွှင်နေကြပါတယ်။ ကျွန်တော်တို့ဟာပွဲတွေမှာကိုယ့်အစွမ်းအစနဲ့ကိုယ်အစွမ်းကုန်ကြိုးစားနေကြပြီးဒါဟာကျွန်တော်တို့အတွက်သာမက မန်နေဂျာအတွက်ကောကလပ်အတွက်ပါကောင်းမွန်လှပါတယ်။ " လို့ပြောခဲ့ပါတယ်။

Source – Mirror 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။