လာကတ်ဇီကတော့ ယခုရာသီမှာ အာဆင်နယ်သို့ ပြောင်းလာသူဖြစ်ပါတယ်။ လာကတ်ဇီအနေဖြင့် ပြင်သစ်ကလပ် လိုင်ယွန်ကနေ ပြောင်းလာသူပါ။ အာဆင်နယ်နှင့်အတူရာသီကြို ကွန်မြူနတီဒိုင်း ရထားပါတယ်။ ချယ်ဆီးအသင်းကို အနိုင်ရရှိပြီးရခဲ့တာပါ။

ဒါ့အပြင် လာကတ်ဇီဟာ အာဆင်နယ်အသင်း၏ အိမ်ကွင်းပွဲတွေမှာ ဂီုးမြူးသူပါ။ လာကတ်ဇီဟာ ဒီရာသီပရီးမီးယားလိဂ်ရပွဲမှာ၄ဂိုးသွင်းကာခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး တစ်ဦးပါ။ လာကတ်ဇီဟာ သူ၏ လေးစားအားကျတဲ့ ကစားသမားကိုပြောခဲ့ပါတယ်။ ထိုကစားသမား၏ နာမည်ကတော့ အွန်နရီပဲဖြစ်ပါတယ်။

ဒါ့အပြင် လက်ကာဇက်တီိကသူ့အနေနဲ့လွန်ခဲ့တဲ့၁၉၉၉မှ၂၀၀၆ခုနှစ်ထိအာဆင်နယ်မှာကစားခဲ့ကာဂန္တဝင်ကစားသမားတစ်ဦးဖြစ်ခဲ့တဲ့အွန်နရီအကြံဉာဏ်ပေးမှုတွေကြောင့်သူ့အနေနဲ့အာဆင်နယ်မှာအထိုင်ကျဖို့လွယ်ကူခဲ့တယ်လို့ပြောသွားပါတယ်။ လက်ကာဇက်တီိက "အွန်နရီဟာကျွန်တော့်ရဲ့စံပြပုဂ္ဂိုလ်ဖြစ်ပြီးကျွန်တော်တို့စကားတွေအများကြီးပြောခဲ့ကြပါတယ်။ သူဟာကျွန်တော့်ကိုအကြံကောင်းတွေပေးခဲ့ပြီးကျွန်တော့်မှာမေးခွန်းတွေရှိရင်လည်းသူ့ကိုအရင်ဆုံးမေးတာပါပဲ။ သူ့ရဲ့ကျွန်တော်ဟာပရီးမီးယားလိဂ်ရဲ့ကစားဟန်နဲ့လွယ်ကူလျှင်မြန်စွာအသားကျခဲ့ပါတယ်။" လို့ပြောသွားပါတယ်။

Source – Mirror  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။