"သူငယ်ချင်းတွေ အိမ်ထောင်ပြုတာ မြင်တော့ အားကျမိပါတယ်" ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်

မြန်မာ Rapper လောကရဲ့ စွန့်ဦးသူလို့ မည်ခံထိုက်သူ ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေနိုင်သူ အောင်မြင်မှုကို တာရှည်ထိန်းထားနိုင်ပြီး ခေတ်နှင့်အညီ စီးဝင်ပြောင်းလဲနိုင်စွမ်းရှိသူ ဆိုသမျှသီချင်းတိုင်းပေါက်ပြီး ပရိသတ်နဲ့ လိုက်လျောညီထွေဖြစ်အောင် ဆက်ဆံတတ်သူ ကတော့ တခြားမဟုတ် "စိုင်းစိုင်းခမ်းလှိုင်"

စိုင်းစိုင်းဟာ 'မျောလွင့်နေတဲ့တိမ်' ဆိုတဲ့သီချင်းနဲ့ လူသိများခဲ့ပြီး ထိုခေတ်ကမြန်မာပြည်နဲ့ မရင်းနှီးသေးတဲ့ ဂီတပုံစံနဲ့အတူ ဂီတလောက ကိုဝင်ရောက်လာခဲ့တဲ့သူဖြစ်ပါတယ်။ စပေါ်ပေါ်ချင်းမှာတော့ မကြိုက်ကြတဲ့သူတွေလည်းရှိသလို အရူးအမူးအားပေးခဲ့ကြတဲ့ ပရိသတ်တွေလည်း အပုံအပင်ပါ။ ဒီနေ့ဒီချိန်မှာတော့ စိုင်းစိုင်း show တဲ့ဟေ့ ဆိုရင် ရုံပြည့်ရုံလျှံ ဖြစ်ရတဲ့အထိ အောင်မြင်နေပါပြီ။ မွေးနေ့တွေလည်း သင်္ကြန်ရောက်တိုင်း နှစ်စဉ်လုပ်လာတာ စိုင်းစိုင်းတောင် အသက် လေးဆယ်နားနီးလာပါပြီ (မထင်ရဘူးနော်)။ အနုပညာ သက်တမ်းတစ်လျှောက် တွဲခဲ့တဲ့ ကောင်မလေးတွေနဲ့လည်း တော်တော်လေးသတင်းတွေထွက်ခဲ့ပါတယ်။ အချိန်တွေကြာလာတာနဲ့အမျှ ပရိသတ်တွေကြားထားမှာလည်း "စိုင်းစိုင်း အိမ်ထောင်ပြုသေးဘူးလား" ဆိုပြီး ပြောလာတာလေးတွေလည်း တွေ့ရသလို " စိုင်းစိုင်း အိမ်ထောင်ပြုပါနဲ့" ဆိုတဲ့ အမာခံမိန်းကလေးတစ်သိုက်ရဲ့ အော်ဟစ်သံတွေလည်း ဆူညံလို့ နေပါပြီ။ စိုင်းစိုင်းကကော သူအိမ်ထောင်ပြုဖို့ အစီအစဉ် ရှိမရှိ နဲ့ပတ်သတ်ပြီး ဘာပြောခဲ့သလဲ………

စိုင်းစိုင်းကတော့ "ကျွန်တော့် သူငယ်ချင်းတွေဆိုရင်လည်း အများစု အိမ်ထောင်တွေကျပြီး မိသားစုဘဝလေးတွေ တည်ဆောက်ကြတာတွေ့တော့ အားကျမိတယ်။ ကိုယ်တိုင်လည်း ကိုယ့်မိသားစု ကိုယ့်သားသားမီးမီးလေးတွေကိုတော့ ပြု စုပျိုးထောင်ချင်နေပြီ။ ဒါပေမဲ့ အိမ်ထောင်ပြုဖို့ကတော့ လိုပါသေးတယ်ဗျ ။ ဒီနှစ် နောက်နှစ်လည်း မဖြစ်နိုင်သေးပါဘူးခင်ဗျ" လို့ ပြောပါတယ်။

ကဲ ပရိသတ်ကြီးရေ စိုင်းစိုင်းကတော့ ကိုယ်တိုင်အိမ်ထောင်ပြုုပြီး သားသားမီးမီးလေးတွေကို ပျိုးထောင်ချင်နေပြီ ပြောပါတယ်။ ဒါက မကြာခင် အစွံထုတ်ဖို့ အစီအစဉ် ရှိတယ်လို့ပြောချင်တာများလား………………

Source: Facebook

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။