အသက် ၁၈ နှစ်ရှိပြီဖြစ်တဲ့ မင်းသမီး Kim Yoo Jung ဟာ ကလေးသရုပ်ဆောင် အဖြစ်ကနေ မင်းသမီး အဖြစ် အောင်အောင်မြင်မြင် ကူးပြောင်းနိုင်ခဲ့ပါတယ်။ KBS2 က ရိုက်ကူးတဲ့ "Moonlight Drawn by Clouds" ဇာတ်ကား တစ်နှစ်ပြည့် အထိမ်းအမှတ် ရိုက်ကူးရေးအဖွဲ့ဝင်တွေ ပြန်လည်တွေ့ဆုံပွဲလေးကျင်းပခဲ့ပါတယ်။

မင်းသမီး Kim Yoo Jung ကပြောကြားရာမှာ "ကျွန်မသူတို့ကိုပြန်တွေ့ရတာဝမ်းသာပါတယ်။ ကျွန်မတို့ မတွေ့ကြတာ အတော်ကြာခဲ့ပါပြီ၊ ရုပ်ရှင်ရိုက်တုန်းက အမှတ်တရတွေကို ကျွန်မတို့ပြန်ပြောဖြစ်ခဲ့ကြပါတယ်။ ကျွန်မတို့ ရယ်မောပျော်ရွှင်ခဲ့ကြပါတယ်" လို့ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ မင်းသမီး Kim Yoo Jung ဟာ အထက်တန်းကျောင်း တက်ရောက်နေပါတယ်။ မင်းသမီး Kim Yoo Jung ကပြောကြားရာမှာ"ကျွန်မ မကြာမီ ကျောင်းပြီးတော့မှာပါ။ ကျောင်းကို အောင်အောင်မြင်မြင်ပြီးအောင််တက်ပြီးရင် ပရိသတ်တွေ့ဆုံပွဲလည်း လုပ်သွားမှာပါ။ ပရိသတ်တွေကို လည်းတွေ့ချင်လှပါပြီ" လို့ပြောကြားခဲ့ပါတယ်။

Source: Korean Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။