Wow လို့တောင်ဖြစ်သွားလောက်အောင် ပုံစံပြောင်းနေတဲ့ မမကြီးနှစ်ယောက်ရဲ့ အလှပုံလေးတွေကို ပရိတ်သတ်ကြီးကို မျှဝေချင်ပါတယ် ။

သူတို့နှစ်ယောက်ကတော့ မခိုင်ကြီးလို့ ချစ်စနိုးခေါ်ကြတဲ့ ထွန်းအိန္ဒြာဗိုလ် နဲ့ မခိုင်လေးလို့ ချစ်စနိုးခေါ်ကြတဲ့ ခိုင်သင်းကြည်တို့ပါ ။ 

သူတို့နှစ်ယောက်ဟာ ၀ါရင့်သဘာရင့် သရုပ်ဆောင်တွေဖြစ်ကြသလို ပရိတ်သတ်တွေရဲ့ အားပေးမှုကိုလည်း တစ်ခဲနက်ရရှိထားတဲ့သူတွေဖြစ်တာမို့

သူတို့ ပုံရိပ်တွေဟာ ပရိတ်သတ်ကြီးတို့အတွက်မစိမ်းလှပါဘူး ။ သို့ပေမယ့် ဒီတစ်ခါတော့ မြင်သူတိုင်း နှစ်ခါပြန်မကြည့်ဘဲမနေနိုင်လောက်အောင်

ပြောင်းလဲသွားတဲ့ ပုံရိပ်တွေ ကိုတွေ့မြင်ရမှာပါ ။ 

Magazine Cover အတွက် ရိုက်ကူးပေးထားကြတဲ့ ပုံတွေမှာတော့ မိတ်ကပ်ပြင်ပုံ စတိုင် အလုံးစုံပြောင်းလဲထားပြီး

အလွန်နုပျို လန်းဆန်းနေတဲ့ မခိုင်ကြီးနဲ့ မခိုင်လေးတို့ုကိုတွေ့မြင်ရတာ အံ့သြစရာကောင်းလောက်အောင်ကို လှပနေရောပဲ ...ဆယ်ကျော်သက်မော်ဒယ်လေးတွေလားလို့ ထင်မှတ်မှားရမယ့် အလန်းစတိုင်လေးတွေကို ကြည့်လိုက်ကြရအောင်လား ပရိတ်သတ်ကြီးရေ ... 

သတင်းအရင်းမြစ် Htun Eaindra Bo and Khine Thin Kyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။