မီးပြတိုက်ဆိုတာက ပင်လယ်ကမ်းစမ် အခြေစိုက် အဆောက်အအုံတစ်မျိုး ဖြစ်ပါတယ်။ အဲ့ဒီ မီးပြတိုက်တွေကို သင်္ဘောသားတွေက ရေကြောင်းသွားလာတဲ့အခါ အထောက်အကူ ဖြစ်စေဖို့ ပုံစံထုတ် တည်ဆောက်ထားတာဖြစ်ပါတယ်။ 

မီးပြတိုက်တွေဟာ ပုံမှန်အနေနဲ့ မြင့်မားတဲ့ အဆောက်အအုံမျိုးဖြစ်ပြီး ထိပ်ဘက်ပိုင်းမှာ မီးအိမ်ကြီးတွေ ထည့်သွင်းတပ်ဆင်ထားတတ်ကြပါတယ်။ အဲ့ဒီ မီးအိမ်ကြီးကနေ စူးရှပြတ်သားတဲ့ အလင်းရောင်ခြည်တန်းတွေ ထွက်ပေါ်လာပြီး ရေမျက်နှာပြင်အနှံ့ ပတ်ချာလည် မီးမောင်းထိုးပေးတာကြောင့် သင်္ဘောသားတွေက မီးပြတိုက်တွေရှိကြောင်း တွေ့မြင်နိုင်ပါတယ်။ ရေမျက်နှာပြင်နဲ့ အခြားသော အခြေအနေကို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်တာကြောင့် ရေကြောင်းသွားလာမှုမှာ ဘေးကင်းလုံခြုံကြပါတယ်။

အစောဆုံးတည်ဆောက်ထားတဲ့ မီးပြတိုက်တွေကတော့ ဖာရိုးကျွန်းပေါ်မှာ တည်ဆောက်ခဲ့တဲ့ အလန်ဇန်ဒရီးယား မီးပြတိုက်ကြီးပဲ ဖြစ်ပါတယ်။ ခရစ်တော်မပေါ်မီ ဘီစီသုံးရာစုမှာ တည်ဆောက်ခဲ့ပါတယ်။ ထိုမီးပြတိုက်ကြီးက ပေပေါင်း ၃၅၀ မြင့်မားခဲ့ပြီး ဘီစီ ၁၃၀၀ ပြည့်လွန်နှစ်တွေအတွင်း မြေငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့ရပါတယ်။

ကမ ္ဘာ့အမြင့်ဆုံး မီးပြတိုက်ကတော့ ဂျပန်နိုင်ငံ ယိုယိုယားမား၊ ယာမာရှီတာဒေသမှာ တည်ရှိပြီး သံမဏိချောင်းတွေနဲ့ ခံ့ညားထည်ဝါအောင် တည်ဆောက်ထားတဲ့ ပင်လယ်နန်းမြင့် မီးပြတိုက်ကြီး ဖြစ်ပါတယ်။ အဲ့ဒီမီးပြတိုက်က ၃၄ပေ မြင့်မားပြီး ၃၂၈ ပေ အမြင့်မှာ စောင့်ကြည့်စင်္ကြန်ကို ထည့်သွင်း ဆောက်လုပ်ထားပါတယ်။ ပင်လယ်နန်းမြင့် မီးပြတိုက်ကြီးက ထုတ်လွှတ်တဲ့ အလင်းရောင် စွမ်းအားက ဖယောင်းတိုင်ပေါင်း ခြောက်သိန်း ထွန်းညှိတားတာနဲ့ ညီမျှပြီး မိုင်ပေါင်းနှစ်ဆယ် အကွာအဝေးရောက်အောင် အလင်းရောင် ရရှိနိုင်ပါတယ်။ ထိုမီးပြတိုုက်ကို ၁၉၆၁ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လာရောက်လေ့လာသူတွေက စောင့်ကြည့်စင်္ကြန်ကနေ ဖူဂျီမီးတောင်နှင့် ပတ်ဝန်းကျင် သဘာဝ အလှတရားတွေကို ကြည့်ရှုခံစားလေ့ ရှိကြပါတယ်။

Reference : Tell me why

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။