မြန်မာ့အနုပညာလောကထဲမှာ ဆံပင်အရှည်ကြီးနဲ့ သိပ်လှခဲ့တဲ့ မင်းသမီးတွေရှိခဲ့ဖူးပေမဲ့ ဒီနေ့ခေတ်မှာတော့ အတော်လေးရှားလို့ သွားပါပြီ။ ဒီရှားရှားပါးပါးတွေထဲမှာမှ ပရိသတ်အချစ်တော် ဆယ်ကျော်သက်အနုပညာရှင်နှစ်ဦးလည်း ပါဝင်လို့နေပါတယ်။ သူတို့ကတော့ ယွန်းယွန်း နဲ့ ပန်းရောင်ချယ်တို့ ဖြစ်ပါတယ်။

ယွန်းယွန်းလေးကတော့ ငယ်စဉ်တည်းက ပရိသတ်နဲ့ ရင်းနှီးခဲ့သူတစ်ဦးပါ။ ကလေးသရုပ်ဆောင်ဘဝတည်းက ခါးလောက်ဆံပင်လေးနဲ့ ချစ်စရာကောင်းတဲ့သူမကတော့ ယခုဆိုရင် ဆယ်ကျော်သက် အနုပညာရှင်တစ်ဦးဖြစ်လို့လာပါပြီ။ လက်ရှိချိန်ထိ ဆံပင်ရှည်လေးနဲ့ လှနေတဲ့ ယွန်းယွန်းကတော့ မင်းသမီးဆိုတဲ့အကြောင်းပြချက် အပြင် ဆံပင်ရှည်ကြီးကြောင့်လည်း လူတွေရဲ့ နှစ်သက်အားကျချီးကျူးခံရပါတယ်။ လက်ရှိမှာတော့ အနုပညာနဲ့ ပညာရေးကို မျှအောင်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ 

ပန်းရောင်ချယ်ကတော့ နာမည်ကြီးအဆိုတော် ဂရေဟမ်ရဲ့ သမီးကြီးဖြစ်ပါတယ်။ ချိုသာတဲ့အသံလေးနဲ့ ပရိသတ်တွေကြား နာမည်ကြီးပြီး ဝန်းရံခံရတဲ့ အဆိုတော် တစ်ဦးလည်းဖြစ်ပါတယ်။ ပြည်ပမှာကျောင်းတက်ခဲ့သူတစ်ဦးဖြစ်ပေမဲ့ ယနေ့ချိန်ထိ ဆံပင်အရှည်ကြီးကို ထိန်းသိမ်းထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ အယ်လ်ဘမ်တစ်ချက်ထွက်ရှိထားပြီး လက်ရှိအချိန်မှာတော့ အဆိုပိုင်းနဲ့ပတ်သတ်တဲ့ လေ့လာမှုတွေ ကြော်ငြာတွေ လက်ခံရိုက်ကူးနေတာတွေ့ရပါတယ်။

ကဲ ပရိသတ်ကြီးရေ ဆံပင်ရှည်ရှည်နဲ့ လှနေတဲ့ သူတို့နှစ်ဦးကို ဝန်းရံကြရအောင်နော်........

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။