နှုတ်ခမ်းနီမလေးတွေရဲ့ အသဲစွဲအောင်ရဲလင်းဟာ ပျိုမေတွေကြားမှာ အချစ်ခံရသလောက် ကိုကိုတို့ကြားမှာတော့ ဝေဖန်တာတွေကို အမြဲခံရစမြဲပါ။ အောင်ရဲလင်းရဲ့ စတိုင်ဟာ ယခုနောက်ပိုင်းမှာပြောင်းလဲလာသလို တက်တူးတွေလဲ အများကြီးထိုးလာပါတယ်။ ဘယ်ဘက် နားရွက်နောက် နှင့် ဂုတ်အပေါ်နားမှာ ထိုးထားတဲ့ ကြယ်ပွင့်ပုံ တက်တူးကို ပြရန်အတွက် ခေါင်းအမြဲစောင်းနေတယ်ဆိုပြီး ဝေဖန်ခံရတဲ့ ခေါင်းစောင်းမင်းသား အောင်ရဲလင်းကတော့.....

အောင်ရဲလင်း ဓာတ်ပုံရိုက်တိုင်း ညာဘက်ကို ခေါင်းစောင်းပြီး ပိုစ်ပေးတတ်တဲ့ သူရဲ့အကျင့်ကြောင့် ပရိသတ်တွေရဲ့ စနောက်ခြင်းကို အမြဲခံခဲ့ရပါတယ်။ သူခေါင်းစောင်းတာနှင့်ပတ်သက်ပြီး memes တွေ အများကြီး ထွက်ခဲ့သလို troll တာလဲ တော်တော်ခံခဲ့ရပါတယ်။ တကယ်တော့လည်း နောက်တဲ့သူတွေရဲ့ အမှားလို့လဲပြောလို့မရပါဘူး။ တကယ့်ကို သူခေါင်းစောင်းနေတဲ့ ဓာတ်ပုံတွေ အများကြီးကိုရှိလို့ပါဘဲ။

သို့သော်လည်း ယခုတလောမှာ တော့ အောင်ရဲလင်းဟာ အဲ့ဒီဘက်ကို ရှောင်နေပုံရပါတယ်။ ညာဘက်ကို မစောင်းဘဲ ဘယ်ဘက်ကို စောင်းတဲ့ ပို့စ်တွေဘဲ ပေးလာတာကိုတွေ့ရပါတယ်။ ကယ် အောင်ရဲလင်းကို ဘယ်သူသွားပြောလိုက်တာလဲမသိဘူးနော်။ ကိုကို တစ်ယောက် သည်းမခံနိုင်တော့ဘူးနှင့်တူပါတယ်။ အောင်ရဲလင်းကပြောသွားသေးတယ်နော် သူကိုယ်တိုင်တက်တူးထိုးရတာ ကို အရမ်းနှစ်သက်ပေမယ့် မိန်းကလေးတွေ တက်တူးထိုးရင်တော့ သိပ်မကြိုက်ပါဘူးတဲ့။

Just kidding... Kek! ?

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။