ငါတို့ ဘာဖြစ်လို့ ဂြိုလ်သားတွေနဲ့ မတွေ့ရတာလဲ?

ဒီမေးခွန်းကို ကျွန်တော်တို့ ခဏခဏ မေးဖူးကြမှာပါ။ ဂြို်လ်သားတွေကို မတွေ့ရတိုင်း မရှိဘူးလို့ မပြောနိုင်ပါဘူး။ သက်သေ အထောက်အထားများစွာဟာ ရှေးနှစ်ပေါင်းများစွာ တည်ရှိနေသော အီဂျစ် မာယာ စသော လူမျူ ိးစုတို့ သူတို့၏ အဆောက်အဦးများ ပန်းချီကားများတွင် ဂြိုလ်သားများနှင့် ပတ်သတ်သော အမှတ်အသားများကို တွေ့ရပေသည်။ဂြိုလ်သားတွေကို မတွေ့နိင်ရခြင်း ဖြစ်နိင်ခြေ ၁၀ချက်ကို ပြောပြပါရစေ။

သိပ္ပံပညာရှင် Enrico Fermi တီထွင်ခဲ့တဲ့ Fermi Paradox တွက်ချက်နည်းအရ စဉ်းစားစရာ ဖြစ်လာစေခဲ့တယ်။ ထိုတွက်နည်းက ကမ႓ာ္ဘအပြင် တခြားဂြိုလ်တွေမှာ လူသားကဲ့သို့ ဉာဏ်ရည်မြင့်

သက်ရှိသတ္တဝါ မည်မျှရှိနိင်သည်ကို တွက်ချက်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ ထိုတွက်နည်းအရ လက်ရှိသိထားတဲ့ ဂြိုလ်တွေထဲက ကမ႓ာ္ဘနဲ့တူတဲ့ ဂြိုလ်တွေကို တွက်ချက်ပြီး ဆွဲငင်အား သိပ်မကွာခြင်း သူတို့ရဲ့ နေမင်းကနေ အကွာအဝေး မဝေးလွန်းမနီးလွန်းခြင်း

ရေရှိနိုင်ခြင်း စသည်တို့ တွက်ထုတ်ပြီး သက်ရှိနေထိုင်နိင်သည့် ဂြိုလ်များထဲမှ ဉာဏ်ပညာရှိ သက်ရှိများ ရှိလောက်မည့် ဂြိုလ်များကို ကြည့်ရာ ဂြိုလ်အရေအတွက်ပေါင်း သောင်းဂဏန်းလောက် ရှိနေနိင်မည်ဟု အဖြေထွက်ပါတယ်။ သဘောက လူကဲ့သ်ုိ့ (သို့မဟုတ်) လူထက် ဉာဏ်ပညာမြင့် သက်ရှိမျူ ိး ဤစကြာဝလာမှာ သောင်းဂဏန်းခန့် ဖြစ်တည်နေနိင်ချေ ရှိတယ်လို့ ဆိုလိုခြင်း ဖြစ်ပါသည်။

အဲ့တာဆို ငါတို့ကို ဘာလို့ လာမတွေ့တာလဲ? ဘာကြောင့်များ ငါတို့ မတွေ့သေးတာလဲ?

အောက်ပါ အချက်၁၀ချက်ကတော့ ဘာလို့မတွေ့ရသေးတာလည်း ဆိုတဲ့ အဖြေပေးနိုင်မယ့် ဖြစ်နိင်ချေ ၁၀ချက် ပါ။

(၁)အချက်

အကျွနု်ပ်တို့ကမ႓ာ္ဘကြီးကအတုမရှိ

Rare Earth Hypothesis အဆိုအရ ကျွနု်ပ်တို့၏ ကမ႓ာ္ဘကြီးတစ်ခုတည်းသည်ပင်လျှင် သက်ရှိတို့ ရှိစေနိင်သော ဉာဏ်ပညာမြင့် လူသားများရှိသော တစ်ခုတည်းသော နေရာဖြစ်သည်။

ဤသည်လည်း ဖြစ်နိင်ပါတယ်။ သက်ရှိတွေ စတင်ဖြစ်တည်လာကတည်းက အခုထိ အချိန်တော်တော်ကြာပြီလေ။ ထိုအချိန်ကြား သက်ရှိတွေ မျူ ိးတုန်းကုန်စေနိင်တဲ့ မတော်တဆမှု မဖြစ်သည်မှာလည်း အရမ်းကံကောင်းနေခြင်း ဖြစ်နိင်ပါသည်။ တခြားသက်ရှိစတင်ရှိလာတဲ့ ဂြိုလ်တွေမှာ ဉာဏ်ရည်မြင့် သတ္တဝါများ ရှိလာနိင်သည်အထိ ကြာကြာ အခြေအနေကို ထိန်းမထားနိင်သည်လည်း ဖြစ်နိင်ပါတယ်။

ပျက်သွားတာ ရေမရှိတော့တာ နေနဲ့ နီးသွားတာ နေကနေ အပြင်ထွက်သွားတာ နေကိုယ်တိုင် ပျက်စီးသွားတာ အများကြီးဖြစ်နိုင်ပေသည်။

ထို hypothesis သာမှန်ကန်လျှင် အကျွနု်ပ်တို့ အမိကမ္ဘာမြေကြီးကို အင်မတန် ကျေးဇူးတင်သင့်ပါတယ်။

(၂)အချက်

ဉာဏ်ပိုကောင်းလာတဲ့ သက်ရှိတွေကိုက ပျောက်ကွယ်ကုန်လို့

စဉ်းစားကြည့်ပါ ဟိုးကြေးခေတ်ကနဲ့ အခုနဲ့ ကမ႓ာ္ဘပျက်စေဖို့ ဘယ်ခေတ်ကပိုနီးမလဲ? အဖြေက

အခုခေတ်ပါ။ စက်ရုံတွေ ကားတွေ Nuclear စစ်ပွဲတွေ သေချာစဉ်းစားကြည့်လျှင်

လူတွေ ကိုယ်တိုင်ကိုက ကမ႓ာ္ဘကို ဖျက်စီးပြီး ရောဂါရနေစေတဲ့ ရောဂါပိုးတွေပါ ထုတ်လွှင့်နေမိပါတယ်။ အခုဆို ကမ္ဘာမြေကြီးဟာ ကျန်းမာရေး ချူ ချာလာပြီ။ ကိုယ်တွေပူတယ်။ မီးတောင်တွေကနေ နှာတွေချေနေပြီ။ ဒါတောင် ကိုယ်တွေလူသားတွေက ကားစီးနိင်ရုံ ဖုန်းပွတ်နေနိင်ရုံ လပေါ်လည်လည်သွားနိင်ရုံ နည်းပညာ စွမ်းအားသာ ရထားသေးတာပါ။

ဒီ့ထက် ပိုသာတဲ့ နည်းပညာရှိတဲ့ ဂြိုလ်သားတွေသာဆို သူတို့ကမ႓ာ္ဘကို သူတို့ ဖျက်ဆီးမိရက်သား ဖြစ်နေလောက်၍ ဂြို်လ်သားတွေ မျူ ိးတုန်းကုန်လောက်ပြီဆိုတာကို

Great Filter Theory (ရေစစ်ကြီးနိယာမ) ကအဆိုပြုပါတယ်

(၃)အချက်

သူတို့အိမ်ပြောင်းသွားကြပြီ

သက်ရှိတွေ အကုန်လုံးရဲ့ သဘောသဘာဝကိုက ရေကြည်ရာ မြက်နုရာကို အမြဲတမ်း ရွှေ့ပြောင်းနေထိုင်တက်ကြပါတယ်။ ဥပမာဆိုပါစို့ အာဖရိကတိုက် တောရွှာက မိသားစုတစ်စုပေါ့ဗျာ။ သူတို့ အလုပ်ကြိုးစားတယ်။ စာသင်တယ်။ သူတို့ အောင်မြင်ချမ်းသာလာရင် သူတို့လည်း အမေရိက ကိုသွားနေရင်နေမယ်။ ပိုသာတဲ့နေရာကိုပေါ့။

အကယ် ဤစကြဝလာထဲမှာ သက်ရှိမျူ ိးနွယ်စုတွေ အကုန်စုနေတဲ့ ကြယ်စင်အစုဝေး ဂြိုလ်ရှိခဲ့ရင် အဲ့နေရာကိုလည်း သိရင် သွားနေလို့လည်း အများကြီး ပိုအဆင်ပြေမယ်ဆိုရင် ကျွနု်ပ်တို့ လူသားတွေလည်း အဲ့ရဲ့ဂြိုလ်နိုင်ငံသား ခံယူပြီး ရွှေ့ပြောင်းနေထိုင်ကြမှာပဲလေ။ အဲ့အဆိုကို သိပ္ပံပညာရှင် John Smart's ရဲ့ Trancension Hypothesis က အဆိုပြုပါတယ်။

(၄)အချက်

ကျွန်ုပ်တို့ ကမ႓ာ္ဘကြီးက စိတ်ဝင်တစားနဲ့ အဖက်လုပ်စရာကို မလ်ုိတာ

ဤတွင် စာဖတ်သူတို့ကို ဦးစွာပထမ မေးပါရစေ။

စာဖတ်သူတွေအနေနဲ့ အာဖရိက ဟိုဂျောင်က လူရိုင်း မျူ ိးနွယ်စု တစ်ခုရှိမှန်းသိတယ်။ Google Earth နဲ့ ရှာတော့လည်း တွေ့တယ် ဆိုပါစို့။

သွားတွေ့မလား? ဖုန်းဆက်မလား.? ဖုန်းဆက်လို့တော့ မရလောက်ဘူး။ ဒါဆို တကူးတက တခြားတိုးတက်နေသူတွေ ရှိပါကြောင်း သွားပြောပြမလား.?

သွားရင်လည်း အသတ်ခံရနိင်တယ် မဟုတ်လား။ ဒီလိုပါပဲ ကျနော်တို့ကို တခြားဉာဏ်ရည်မြင့် သက်ရှိတွေ အနေနဲ့ အဖက်လုပ်နေစရာကို မလိုလို့ပဲဖြစ်ပါတယ်။

(၅)အချက်

ငါတို့သည် သူတို့၏ Video Games မျှသာ

ဤတွင် မူလစာရေးသားသူက virtual reality လို့ သုံးနှုန်းထားသော်လည်း စာဖတ်သူတွေ နားလည်ရလွယ်အောင် Game အနေနဲ့ ပြောပြပါ့မယ်။ ကျွန်တော်တို့ ထိတွေ့ ကြား မြင် ခံစားနေရတာတွေက သူတို့တွေ Software ဖန်တီးထားတဲ့ အတုကြီးဖြစ်နေနိင်ပါတယ်။ ကျွန်ုပ်ရဲ့ ခန္ဓာကိုယ်လည်း တကယ်မရှိသလို ပတ်ဝန်းကျင်က အရာတွေလည်း Software Effect တွေပါပဲ။ သေချာတာကတော့ ကိုယ်တွေရဲ့သိစိတ် concioussness နာမ် ကို သူတို့ Virtual Reality ထဲထည့်ထားကြတာ ဖြစ်နေနိင်ပါတယ်။

Physic သဘောတရားတွေအကုန် Element တွေရဲ့ ဂုဏ်သတ္တိတွေ အကုန် သူတို့ပျော်သလို သတ်မှတ်ထားခဲ့ကြတာ ဖြစ်နိင်ပါတယ်။ ဘာလို့ သူတို့ အဲ့လိုလုပ်မှာလဲ? မေးစရာဖြစ်နိင်ပါတယ်။

အဖြေက ပျော်လို့ ဆိုတာအဖြစ်နိင်ဆုံးပါ။ မဟုတ်ရင်လည်း သူတို့က ကျွန်ုပ်တို့နဲ့ လုံးဝ မျူ ိးရိုး ဗီဇတူတဲ့ လူသားအစစ်တွေကို သူတို့တွေ ဘယ်လို ဖွံ့ဖြိုးတိုးတက်လာတယ် ဆိုတာကို ပြန်သရုပ်ပြဖို့

Software နဲ့ ဖန်တီးထားတဲ့ ပြတိုက်ကြီး ဖြစ်နေနိင်ပါတယ်။ အဲ့လိုသာဆို ကျနော် အခုစာရေးနေတာကို သူတို့ အခွေရစ်သလို ရှေ့ရစ်လိုက် နောက်ရစ်လိုက် ကြည့်ပြီး ရယ်နေနိင်တယ်။

ဤအချက်ကတော့ စိတ်ကူးယဉ် ဆန်လွန်းနေပါတယ်။

(၆)အချက်

ကိုယ်တွေကမ႓ာ္ဘကြီးက ဇနပုတ်ဖြစ်နေလို့ပါ

သူတို့လည်း လာချင်ရှာတယ် တွေ့ချင်ရှာတယ် နည်းပညာလည်းရှိတယ်။ စေတနာလည်း ရှိပေမယ့် လာရမှာ ဆီကုန်တယ်ဆိုတဲ့

အခြေနေပါ။ တစ်ခြားသက်ရှိတွေရှိတဲ့ ဂြိုလ်တွေနဲ့ အဝေးဆုံးမှာ ရောက်နေတာ ဖြစ်နေနိင်ပါတယ်။

ရွာထဲက မိသားစုတွေကတော့ အချင်းချင်း ဟိုအိမ်သွား ဒီအိမ်သွား လည်ပတ်နေချိန်မှာ

ရွှာထိပ်က တစပြင် အစပ်နားလေးက အိမ်ကိုတော့ ဘယ်သူမှ တကူးတက လာမ

(၇)အချက်

သူတို့ ဆက်သွယ်နေတာကို ငါတို့ မတွေ့သေးတာ

ဂြိုလ်သားရှိတယ်ဆိုတဲ့ သက်သေမရှိတာနဲ့ ဂြိုလ်သားမရှိဘူးဆိုတဲ့ ကိစ္စဟာ တခြားစီပါ။ နိုင်ငံကြီးတွေက အစိုးရတွေလည်း ဂြိုလ်သားတွေ အချက်ပြတာကို ရှာဖွေဖို့ ငွေအား လူအား စိုက်ထုတ်ပေးပေမယ့် ကမ႓ာ္ဘတစ်ခုလုံးအတွက်ဆို မလုံလောက်ပါဘူး။ လူတွေကို အခွန်ကောက်ပြီး ဂြိုလ်သားတွေကိုရှာဖို့ ကူညီကြပါဆိုပြီး အလှူခံရင်လည်း ဟာသကြီး ဖြစ်နေမှာပါ။ တကယ်၍ သူတို့ ပို့လိုက်တဲ့ အချက်အလက်တွေသည်လည်း အလင်းအမြန်နှုန်း (အမြန်ဆုံး) ဖြင့် ဒီကို ရောက်လာခဲ့သည်ရှိသော် သူတို့စပို့တဲ့ အချိန်ကနေ နှစ်သန်းပေါင်းများစွာ ကြာနေလောက်ပါပြီ။ သူတို့လည်း မရှိကြလောက်တော့ပါဘူး။ အလင်းနှစ်များစွာ ကွာဝေးနေ၍ ဖြစ်န်ုိင်သည်။ အလင်းနှစ်ဆိုသည်မှာ အကွားအဝေးကို ဖော်ပြသော ညွန်းကိန်းဖြစ်သည်။ ဥပမာ အလင်းနှစ် ၁ နှစ် အကွာအဝေး ဆိုသည်မှာ အလင်းအမြန်နှုန်းဖြင့် သွားလျှင်တောင် တစ်နှစ်အကြာမှ ရောက်ရှိမည့် အကွာအဝေးဖြစ်သည်။

(၈) အချက်

သူဘာပြောလည်း ကိုယ်မသိ ကိုယ်ပြောတာလည်း သူနားမလည်

ဤကမ႓ာ္ဘက သက်ရှိတွေက မြင် ကြား ထိတွေ့ အနံ့ အရသာ အစရှိတဲ့ အာရုံစနစ််တွေနဲ့

ဆက်သွယ်ထိတွေ့ ကြပါတယ်။ အကယ်၍ ဂြိုလ်သားတွေသာ ထို အာရုံခံစနစ်တွေ သုံးပြီး မဆက်သွယ်ကြရင်ရော?

ဥပမာ လေဖိအားကိုအာရုံခံပြီး ဆက်သွယ်မယ်။ စိုထိုင်းဆကိုသုံးပြီး အာရုံခံမယ်။ အပူချိန်ကို အာရုံခံမယ်တို့ဆို ကျနော်တို့ သူတို့ပြောနေတာ ဆက်သွယ်ချင်နေတာကို နားမလည်နိင်သလို ကျနော်တို့ အသံ Radio Wave နဲ့ ဆက်သွယ်နေတာလည်း သူတို့ အာရုံမခံနိင်တာ ဖြစ်နိင်ပါတယ်။ မဖြစ်နိင်ဘူး မထင်ပါနဲ့။ ကမ႓ာ္ဘပေါ်မှာတောင် ကျန်တဲ့သတ္တဝါတွေ မသုံးတဲ့ အာရုံကိုသုံးပြီး အသက်ရှင်နေတာ ရှိပါတယ်။ လင်းနို့ဆို Frequency မတူတဲ့ အသံတွေ လွှင့်တယ်။ အရာဝတ္တုတွေကို ရိုက်ခတ်တယ်။

သူ့နားကို တုန်ခါမှုက ပြန်လာတယ်။ သူဘယ်နားမှာ ဘာရှိလည်း မကြည့်ပဲ သိနေနိင်တယ်။ ကျန်သတ္တဝါတွေလည်း ရှိပါသေးတယ်။ ပြောချင်တာက အာရုံခံ ဘာသာစကား ကွဲပြားနေတာလည်း ဖြစ်နေနိင်ပါတယ်။

(၉)အချက်

မျဉ်းပြိုင်လောကများ နှင့် Dimension ကွာဟမှု

Parallel Universe ဆိုတဲ့ အခေါ်အဝေါ်ကို ခုခေတ်သိပ္ပံ ရုပ်ရှင် ကြည့်သူပရိသတ်တွေ ရင်းနှီးပြီးသား ဖြစ်ပါလိမ့်မယ်။ ဥပမာ DC က တင်ဆက်တဲ့ Flash ကားပေါ့။ အဲ့မှာ သူတို့ Portal ကနေ တခြား Parallel Universe ကို ရောက်သွားတော့ အဲ့ကမ႓ာ္ဘမှာ မင်းသား Barry Allen နောက်တစ်ယောက်ရှိနေပါတယ်။ ဒါပေမယ့် ထိုကမ္ဘာ၌ သူသည် Flash မဟုတ်ပဲ သာမန်ဂျာနယ်ဇင်းသမား ဖြစ်နေတယ်လိုပေါ့။

အဲ့လို့သဘောပါပဲ။ Parallel Universe ဆိုတာတွေမှာလည်း ဘယ်လောက် ခရီးသွားသွား

ထို Universe ကိုမရောက်နိင်ပါဘူး။ ကျနော် အခု စားရေးနေတဲ့နေရာမှာကိုပဲ တခြား Parallel Universe က Pyae Phyo Aung က အားကစား လေ့ကျင့်ရင် ကျင့်နေမယ်။ တစ်နေရာထဲမှာကိုပဲ ထိုသဘောပါ။ နောက်တစ်ခုက Dimension ပါ။

ဤလောက ဖြစ်ပျက်နေတာတွေ အကုန်လုံးက 3 Dimension x y z ရယ် 4th dimension ဖြစ်တဲ့ time ရယ်ကြောင့် ဖြစ်ပျက်နေတာပါ။ Dimensions အားလုံးပေါင်းပြီး ကျနော်တို့ အခုလို ရုပ်ဝတ္တုရှိပြီး လှုပ်ရှားသွားလာနေနိင်တာပေါ့။

(Dimension အကြောင်း အကြမ်းဖျဉ်း ပြောရမယ်ဆို X တစ်ခုထဲ 1 Dimension ဆိုရင် ကြိုးတန်းကြီးလို အတန်းလိုက်ပဲ ရှိမယ်။ X Y 2 Dimension ဆိုရင် စာရွက်လိုဖြစ်လာပြီ။ ပုံဖော်လို့ရတယ်။ အပြားကြီးလိုဖြစ်ပြီး ငြိမ်နေမယ်။

XYZ 3 Dimension ဆိုရင်တော့ ကျနော်တို့ ဖြစ်လာနိင်ပြီ။ ရုပ်တွေ ကိုယ်ခန္ဓာတွေ ဖန်ခွက်လို ထုထည်တွေ ဖြစ်လာနိင်ပြီပေမယ့် Time ဆိုတဲ့ စတုတ္ထ Dimension မပါသေးရင် အကုန် ငြိမ်သက်နေတဲ့ ဓာတ်တုရှိတဲ့ အရာတွေပဲ ဖြစ်နေပါမယ်။ 4th Dimension ဆိုတဲ့ Time ပါပါလာမှ ရုပ်ရှိတဲ့အရာတွေက ဖြစ်တည် ပြောင်းလဲ ပျောက်ကွယ် သွားနိင်တာပါ။)

စာလည်းရှည်သွားပြီး ပြောချင်တာက တခြား သက်ရှိတွေက 5th Dimension မှာ ဖြစ်တည်နေတာဆိုရင် ကျနော်တို့နဲ့ ဆက်သွယ်လို့ မရနိင်ပါဘူး။ ကျနော်တို့ လောက အကုန် ဖြစ်တည်ပြောင်းလဲနေတဲ့ သမိုင်းစဉ်ကြီး တစ်ကြောင်းလုံးက သူတို့အတွက် ချောင်းကူးတဲ့ တံတားလည်း ဖြစ်နေနိင်ပါတယ်။

(၁၀)အချက်

သူတို့ကိုယ်တိုင်ကိုက ငါတို့နဲ့နေနေတာ

2014 ခုနှစ်က ကနေဒါ ကာကွယ်ရေးဦးစီးချူ ပ် Paul Hellyer နဲ့ တွေ့ဆုံမေးမြန်းရာမှာ

"ကမ႓ာ္ဘမှာ လူသားမဟုတ်တဲ့ တခြား မျူ ိးစိတ် ၈၀ ကျော် ရှိတယ်။ ဒီတိုင်း ကြည့်ရင် ပုံမှန်လူအတိုင်းပဲ" လို့ ထူးထူးဆန်းဆန်း ဖြေခဲ့ဖူးပါတယ်။

Man in Black လို ရုပ်ရှင်တွေ ကြည့်ဖူးကြမှာပါ။ မင်းသားကြီး Will Smith သရုပ်ဆောင်တဲ့ ဇာတ်ကားလေ။ ဂြိုလ်သားတွေက လူသားအစိုးရတွေနဲ့ ပေါင်းပြီး ပြည်သူတွေ မသိအောင် လှုပ်ရှားကြတာပါပါတယ်။ အကယ်၍ ကျွန်တော်သာ ဂြိုလ်သားတွေနဲ့ အဆက်သွယ်ရတဲ့ အာဏာရှိ ပုဂ္ဂိုလ်ဆို ဘယ်လိုလုပ်မလဲ? တွေးကြည့်မိတယ်။ စာဖတ်သူတို့လည်း လိုက်တွေးကြည့် . . .

ပထမ ကျနော် သူတို့နဲ့ ဆွေးနွေးကြည့်မယ်။ ရန်လိုချင်တဲ့ အမျူ ိးလား မိတ်ဆွေလား ဆိုတာ

အကယ်၍ရန်လို အမျူ ိး မဟုတ်ခဲ့ရင် လူထုကို အသိပေးမလား? မပေးဘူးလား?

ဂြိုလ်သားတွေက နည်းပညာ ပိုမြင့်မားနေနိင်ပါတယ်။ အကယ်၍ လူထုကို ဖွင့်ချလိုက်ရင် အထိတ်တလန့် ဝရုန်းသုန်းကားတွေ ဖြစ်လာနိင်တယ်။ ပြည်သူတွေ ကြောက်ပြီး တိုက်ခိုက်လို့ ဂြိုလ်သားတွေနဲ့ စစ်ဖြစ်သွားနိင်တယ်။

အဖျက်သမားတွေက ဂြိုလ်သားတွေရဲ့ နည်းပညာရယူသွားရင် ကမ႓ာ္ဘပျက်သွားနိင်တယ်။

နောက်တစ်ချက်က ကိုယ်နဲ့ ပြိုင်ဖက်နိင်ငံတွေ သိသွားရင် သူတို့ရဲ့ နည်းပညာဟာ သာရင်သာသွားမယ်။ သူတို့ မနာလိုလို့ ဂြိုလ်သားတွေကို တိုက်ခိုက်လို့ စစ်ဖြစ်သွားနိင်တယ်။

ဒီတော့ အကောင်းဆုံးအဖြေက ဂြိုလ်သားတွေ ရန်မမူသေးသရွှေ့ သူတို့နည်းပညာသင်ယူ သူတို့ကို ဖား အကူညီယူ ပြီး ကမ႓ာ္ဘကို တစ်ဖြေးဖြေး သိမ်းဖို့လုပ်ရမှာပါ။ ကျနော်သာ ဂြိုလ်သားတွေနဲ့ အဆက်သွယ်ရနေတဲ့ အမေရိကန်သမ္မတဆိုလည်း အထက်ပါအတိုင်း လုပ်ဆောင်မှာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဟီလာရီ ကလင်တန်ဟာ မဲဆွယ်စည်းရုံးတဲ့ နေရာမှာ ဂြိုလ်သားတွေအကြောင်းကို ပြည်သူထံ ဖွင့်ချပြောဆိုမယ်လို့ ပြောခဲ့တာပါ။ ဒါပေမယ့် အမေရိကန် သမ္မတတွေထဲမှာ တချူ ိ့လည်း ဒီလို ပြောဖူးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ထုတ်ပြန်ကြေညာခြင်း မရှိခဲ့ပါဘူး။

(ဤတွင် အိုဘားမား ဂြိုလ်သားတွေနဲ့ အဆက်သွယ်ရှိသည်ဟု ကျွနု်ပ် မဆိုလိုပေ။ သို့သော် စာဖတ်သူတွေအနေနဲ့ Area51 အကြောင်း အားရင် ရှာဖွေပြီး ဖတ်ကြည့်သင့်ပါတယ်။)

အဲ့လိုသာဆိုရင်လည်း သူတို့လာတာ လူထုမသိနိင်ပါဘူး။

အထက်ပါအချက် ၁၀ ချက်ကတော့ ဂြိုလ်သားတွေကို ဘာလို့ မတွေ့ကြတာလည်း အပေါ် ဖြစ်နိင်ချေ (ဖြစ်နိင်ချေမျှသာ) များသာဖြစ်သည်။

အဆိုပါ ယူဆချက် သီအိုရီများကို ဟုတ်တယ်လို့ မည်သူမှ အတည်မပြုနိင်ကြသေးသလို

လုံးဝမဖြစ်နိင်ပါဟု ပြောကြားတဲ့ ဝေဖန်ချက်တွေလည်း အတိကျမရှိသေးပါဘူး။ အဲ့တော့ကာ စာဖတ်သူ ပရိသတ်ကြီးအနေနဲ့

လွတ်လွတ်လပ်လပ် ဖတ်ရှုပြီး လွတ်လွတ်လပ်လပ် တွေးနိုင်ပါကြောင်း တင်ပြရင်းနဲ့ လေးစားခြင်းများစွာဖြင့်..


သတင်းအရင်းအမြစ် - မှတ်စုကြမ်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။