ယနေ့ အောက်တိုဘာ(၆)ရက်နေ့ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ မင်းသားချောတစ်လက်ဖြစ်တဲ့ Yoo Ah In ရဲ့ မွေးနေ့ရက်လေး ဖြစ်ပါတယ်။ ဒီနေ့ မွေးနေ့မှာဆိုရင်တော့ မင်းသားချော Yoo Ah In ဟာ အသက်(၃၁)နှစ်ပြည့် မွေးနေ့ရက်လေး ဖြစ်တယ်လို့ သိရပါတယ်။ Yoo Ah In ကို ၁၉၈၆ခုနှစ် အောက်တိုဘာ(၆)ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမှာ မွေးဖွားခဲ့တာဖြစ်ပြီး အစ်မနှစ်ယောက်ရှိတယ်လို့ သိရပါတယ်။

Yoo Ah In ရဲ့ နာမည်ရင်းက Eom Hong Sik (Uhm Hong Sik) ဖြစ်ပြီး အနုပညာနာမည်ကိုတော့ Yoo Ah In ဖြစ်ပြီး ၂၀၀၃ ခုနှစ်မှာ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ကလေးသရုပ်ဆောင်အဖြစ် အနုပညာလောကထဲကိုဝင်ရောက်ခဲ့တာ ဖြစ်ပြီး ငယ်စဉ်ကတည်းက ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့တာ ဖြစ်ပါတယ်။

၂၀၁၀ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Sungkyunkwan Scandal ဇာတ်လမ်းတွဲမှာ ပရိသတ်အားပေးမှုအခိုင်အမာရှိခဲ့ပြီး အခြား ဒရမ်မာဇာတ်ကားများ အပါအဝင် “Jang Ok-jung, Living by Love” မှာတော့ တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးဖြစ်တဲ့ Kim Tae Hee နဲ့ သရုပ်ဆောင်ထားတာဖြစ်ပြီး ပရိသတ်အားပေးမှု တော်တော်မြင့်မြင့်ကို ရောက်ခဲ့တာ ဖြစ်ပါတယ်။ Yoo Ah In ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ အနုပညာကြေးအပြင့်ဆုံး မင်းသားစာရင်းမှာ Top-7 နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။