"Battle Trip" ရုပ်ရှင်ဇာတ်ကားရဲ့ နောက်ထပ်ဇာတ်လမ်းတွဲမှာတော့ Girls' Generation အဖွဲ့ဝင်တွေဖြစ်တဲ့ Sunny နဲ့ Hyoyeon တို့ သြစတြေးလျနိုင်ငံ၊ ဘရစ်ဘိန်းမြို့မှာ အတူလည်ပတ် ကြတဲ့ ပုံရိပ်တွေကို ရိုက်ကူးခဲ့ကြပါတယ်။ Sunny နဲ့ Hyoyeon တို့နှစ်ယောက်လုံး အလွန်ချစ်စရာကောင်းပြီး လှနေကြပါတယ်။

Girls' Generation အဖွဲ့ဝင်တွေဖြစ်တဲ့ Sunny နဲ့ Hyoyeon တို့ နှစ်ယောက်စလုံး စတိုလ်လည်း အရမ်းကိုမိနေကြပါတယ်။ ဘရစ်ဘိန်းမြို့ ခရီးစဉ် အလိုက် Sunny နဲ့ Hyoyeon တို့ဟာ လိုက်ဖက်တဲ့ ၀တ်စုံတွေကို ရွေးချယ်ဝတ်ဆင် ပြီး မြို့အတွင်းလည်ပတ်ပုံတွေကို ရိုက်ကူးခဲ့ကြပါတယ်။

သူတို့နှစ်ယောက်ကြည့်ရတာ လိုက်ဖက်ပြီး စတိုလ်ကျ လှပနေပါတယ်။ ဘရစ်ဘိန်းမြို့ ခရီးစဉ် မှာ လည်ပတ်ရတာကို လည်း နှစ်ယောက်လုံးပျော်ရွှင်နေကြပါတယ်။ ဘရစ်ဘိန်း ဒေသရှိ တိရစ္ဆာန်လေးတွေဆီ သွားရောက်လည်ပတ်ခဲ့ရုံသာမက ရိုလာကိုစတာကိုလည်း အပျော်စီးခဲ့ပါသေးတယ်။ Sunny နဲ့ Hyoyeon တို့ပျော်ရွှင်နေတဲ့ ပုံရိပ်တွေက ပရိသတ်တွေကို ပါကူးစက်စေမှာ အမှှန်ပါဘဲ။

Source: Korean Entertainment

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။