လာမယ့် "Running Man" ရုပ်သံမှာ Lee Kwang Soo နဲ့ Jeon So Min ဟာ အကြောက်တရားကို ရင်ဆိုင်ခဲ့ရပါတယ်။ သူတို့နှစ်ယောက်ဟာ အင်ဒိုနီးရှားနိုင်ငံကို သွားရောက်ခဲ့ကြပါတယ်။ Lee Kwang Soo နဲ့ Jeon So Min တို့ကို အင်ဒိုနီးရှား ပရိသတ်တွေက သောင်းသောင်းဖျဖျကြိုဆိုခဲ့ကြပါတယ်။ သူတို့ထဲက အများစုက မင်းသား Lee Kwang Soo ကို လာရောက်စုဝေးပြီး နှုတ်ဆက်ခဲ့ကြပါတယ်။

သို့သော်လည်း သူတို့နှစ်ယောက် ပရိသတ်တွေနဲ့ ခဏပဲတွေ့လိုက်ရပါတယ်။ သူတို့ ရဲ့ ပန်းတိုင်ဆီကို သွားဖို့အတွက်ပါ။ Lee Kwang Soo နဲ့ Jeon So Min တို့နှစ်ယောက် သစ်သားကေဘယ်လ် ကားလေး နဲ့ လှိုင်းထန်နေတဲ့ သမုဒ္ဒရာ ရေပြင်ကို ဟိုဘက်ဒီဘက် ဖြတ်ကူးရမှာပါ။ ဒေသခံ သတင်းရင်းမြစ်တွေကတော သမုဒ္ဒရာ ရေပြင် ဟာ သူတို့နှစ်ယောက် မလာခင် ကတော့ ငြိမ်သက်နေတာပါ။ "Running Man" အဖွဲ့ဝင်တွေ ရောက်ရှိချိန်မှာ တော့ အရမ်းကို လှိုင်းထန်နေပါပြီ။

လှိုင်းထန်နေတဲ့ သမုဒ္ဒရာ ရေပြင်ကြောင့် ရိုက်ကူးရေး အဖွဲ့သားတွေဟာ ရေမစင်အောင် ပုန်းခိုခဲ့ရပါတယ်။ Jeon So Min က Lee Kwang Soo ရဲ့ ကံမကောင်းမှုကြောင့် သမုဒ္ဒရာ ကြီးစိတ်ဆိုးသွားတာ ဆိုပြီး လှမ်းစလိုက်ပါသေးတယ်။ သူတို့နှစ်ယောက် ရဲ့ ကံကြမ္မာ နဲ့ လှိုင်းတွေကြားကနေ အောင်အောင်မြင်မြင်ဖြတ်သန်းနိုင်မလားဆိုတာတော့ လာမယ့် အောက်တိုဘာလ ၈ ရက်နေ့မှာပြသမယ့် အစီအစဉ်မှာ ကြည့်ရမှာပါ။

Source: Korean Entertainment

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။