ပျဉ်းမနားပရိသတ်တွေနဲ့ကွိုင်တက်နေတဲ့မိုင်းမိုင်ဆိုင်း


Myanmar Idolကအဆိုတော်မလေးတစ်ယောက်

ဖြစ်တဲ့မိုင်းမိုင်ဆန်းပျဉ်းမနားကပရိသတ်တွေနဲ့ပြသနာတက်

နေပါတယ်။ဖြစ်ကြောင်းရယ်ကုန်စင်ပြောရမယ်ဆိုရင်တော့

မိုင်းမိုင်ဆန်းကပျဉ်းမနားမြို့နှစ်ကျိပ်ရှစ်ဆူဘုရား

ပွဲမှာသီချင်းသွားဆိုပါတယ်။ပျဉ်းမနားမြို့နှစ်ကျိပ်ရှစ်ဆူ

ဘုရားပွဲကြီးဟာသီတင်းကျွတ်ချိန်ခါရောက်တိုင်း

ကျင်းပလေ့ရှိတဲ့ကြက်ပျံမကျစည်ကားလှတဲ့ပွဲတော်ကြီးပါ။


ကျော်ဟိန်း၊မီမီဝင်းဖေ၊ကော်နီစတဲ့စတူဒီယိုခေတ်ဦး

အဆိုတော်တွေကအစLလွန်းဝါ၊အဲလက်တို့လို့အဆိုတော်တွေ

အလယ်၊လွှမ်းပိုင်း၊ရွှေထူးတို့လိုယနေ့ခေတ်အဆိုတော်တွေအဆုံးနှစ်ကျိပ်ရှစ်ဆူဘုရားပွဲကြီးမှာပါဝင်သီဆိုခဲ့ကြဖူးပါတယ်။အခုမိုင်းမိုင်ဆိုင်း၊ရဲနောင်တို့လိုအဆိုတော်တွေအထိပေါ့။နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ

ကြီးဟာညလုံးပေါက်ဆိုရတာမို့လာဆိုတဲ့အဆိုတော်တွေ

ပင်ပန်းကြပါတယ်။အခုမိုင်းမိုင်ဆိုင်းဖြစ်သွားတဲ့ပြသနာက

သူကပျဉ်းမနားအထာကိုမသိဘဲအရင်ပွဲတွေလိုခဏပဲဆိုရမယ်

ထင်ထားခဲ့တာပါ။ဒါပေမယ့်တကယ်လည်းဆိုရတော့ညလုံးပေါက်ဆိုတော့

သူအနေနဲ့အတော်လေးကိုမကျေမလည်ဖြစ်ခဲ့တဲ့အကြောင်း

သူမရဲ့လူမှုကွန်ယက်မှာရေးတင်ခဲ့တာပါ။


တချို့စကားလုံးတွေဟာပျဉ်းမနားမြို်ခံပရိသတ်တွေအပေါ်

အထင်လွှဲစရာဖြစ်ခဲ့ရပါတယ်။သူ့အနေနဲ့သူ့အမှားကို

ချက်ချင်းသိပြီးပရိသတ်တွေအပေါ်ပြန်တောင်းပန်ခဲ့ပါတယ်။

"အိပ်ရေးပျက်တာတွေ ခရီးပန်းတာတွေ ပင်ပန်းတာတွေများနေတာကြာင့် စိတ်ကမစဉ်းစားနိုင်ဖြစ်ပြီးတင်မိတယ်..အားလုံး peace ပါ..အမှားမလုပ်မိအောင်နေတဲ့ကြားက ပြင်မရတဲ့ဒီအကျင့်ဆိုးကြောင့်ပြသနာခဏခဏဖြစ်ရတယ်..လူဘဲမို့မှားတတ်လို့ခွင့်လွှတ်ပေးကြပါ.."တဲ့။ပျဉ်းမနားက

ပရိသတ်ကြီးလည်းသူ့ကိုခွင့်လွှတ်ပေးကြမယ်ထင်ပါတယ်။

ပြန်တောင်းပန်နေပြီပဲနော့။



Source -Mai Mai Seng

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။