မြန်မာနိုင်ငံမှာ Miss ပြိုင်ပွဲတွေ ခေတ်စားလာတာ ဆယ်စုနှစ်တစ်စု နီးပါးရောက်ရှိလို့လာပါပြီ။ အဖွဲ့အစည်းကြီးအနေနဲ့ MUM နဲ့ MGLM ဆိုပြီး လူသိများတဲ့ organization နှစ်ခုရှိပြီး နှစ်စဉ် မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်တွေကို ရွေးချယ်စေလွှတ်ခဲ့တာဖြစ်ပါတယ်။ ယခုတစ်ခေါက်မှာတော့ သရဖူ အသိမ်းခံခဲ့ရတဲ့ အလှမယ်တွေကို ဖော်ပြေပေးသွားမှာဖြစ်ပါတယ်။

Miss Supranational Myanmar 2013 အလှမယ်ဟောင်းတစ်ဦးဖြစ်သလို ပရိသတ်တွေကြား ခေး လို့နာမည်ကြီးပြီး ပုရိသတို့ရဲ့ဝန်းရံခံရသူ ခင်ဝင့်ဝါ ဟာလည်း သရဖူပြန်လည်သိမ်းယူခြင်း ခံခဲ့ရတဲ့ Miss တစ်ဦးဖြစ်ပါတယ်။ MGLM မှ ဦးဝေယံအောင်မှ စာချုပ်နှင့်ကိုက်ညီမှုမရှိဟုဆိုကာ သိမ်းယူခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ခင်ဝင့်ဝါဟာ ပြိုင်ပွဲသွားပြိုင်စဉ်အချိန်အတွင်း Top Ten ဝင်ခဲ့ပြီး လက်ရှိမှာတော့ အောင်မြင်တဲ့ မင်းသမီးတစ်ဦးအဖြစ်ရပ်တည်လို့ နေပါတယ်။

Miss Grand Myanmar 2013 ဆုရှင် ထားထက်ထက်ဟာလည်း MGLM မှ ဦးဝေယံအောင်က စာချုပ်နှင့်ကိုက်ညီမှုမရှိဟုဆိုကာ သရဖူပြန်လည်သိမ်းဆည်း ခံခဲ့ရတဲ့ Miss တစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာတော့ ပရဟိတ လုပ်ငန်းတွေလုပ်ငန်းနေပြီး ပညာပေးဇာတ်ကားတွေမှာလည်း ပါဝင်ရိုက်ကူးထားပါတယ်။

နောက်တစ်ဦးကတော့ Asia Next Model Top 7 ထိ တက်လှမ်းနိုင်ခဲ့သူ အလှမယ်မေမြတ်နိုးဖြစ်ပါတယ်။ သူမကတော့ ကိုရီးယားမှာကျင်းပခဲ့တဲ့ Asia Pacific ပွဲမှာ Winner ဆုရရှိခဲ့ပြီး သရဖူကိစ္စပြသနာကတော့ တိုင်းသိပြည်သိဖြစ်ခဲ့ရပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေလုပ်ကိုင်လို့နေပြီး Miss Universe ပြိုင်ပွဲလည်း ပြိုင်မယ်လို့ သိရှိရပါတယ်။

2016 ခုနှစ်ကရွေးချယ်ခဲ့တဲဲ့ Miss Intercontinental W မေရှင်းစိန် နဲ့ ပရိသတ်အချစ်တော် ကရင်မလေး စေးစေး Miss Earth နန်းခိုင်ရွှေဝါဝင်း တို့ကလည်း သရဖူပြန်လည်သိမ်းယူခဲ့ပြီး MGLM မှ ဦးဝေယံအောသ်က သိမ်းယူခဲ့ခြင်း ဖြစ်ပါတယ်။ နောက်ဆုံးတစ်ဦးကတော့ တလောကမှ သရဖူ အသိမ်းခံခဲ့ရတဲ့ Miss Grand Myanmar ရွှေအိမ်စည်ဖြစ်ပါတယ်။ သူမကတော့ MUM organization မှ ဒေါ် စိုးယုဝေက ပြန်လည် သိမ်းယူခဲ့တာ ဖြစ်ပြီး ပြိုင်ပွဲမသွားမီ ရက်အနည်းငယ်မှာ သိမ်းယူခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

ဒါကတော့ အလှမယ်လောကမှာ သရဖူပြန်လည်သိမ်းဆည်းခံခဲ့ရတဲ့ နာမည်ကြီး Miss Myanmar ခြောက်ဦးဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။