အချိန်မီမတားဆီးနိုင်ရင် ငပလီကမ်းခြေ ပျောက်ကွယ်သွားနိုင်တယ်လို့ ဒေသခံတွေကယခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။အပန်းဖြေတဲ့ ငပလီကမ်းခြေတလျှောက်အပါအဝင် စပါးကြီးရပ်ကွက် ပင်လယ်ကမ်းတွေမှာ အခုလို သဲတွေ၊ ကျောက်တွေ စည်းမဲ့ကမ်းမဲ့ ခိုးယူတူးဖော်နေလို့ ငပလီ ကမ်းခြေရဲ့ သဘာဝအလှ တွေ ပျက်စီးလာနေပြီဟုလည်းပြောခဲ့ပါတယ်။

သံတွဲမြို့ ရခိုင်သယံဇာတဆိုင်ရာကွန်ရက်ကော်မတီဝင် ဦးညီလေးက “သယံဇာတတွေကို စည်းမဲ့ကမ်းထုတ်ယူနေတာအတွက် သဘာဝပတ်ဝန်းကျင်တွေ ပျက်စီး နေပြီပေ့ါနော်။ ဒါကို မထိန်းသိမ်းဘဲနဲ့ ဒီအတိုင်း လွှတ်ထားမယ်ဆိုရင် သဘာဝပတ်ဝန်းကျင်တွေ တအားပျက်စီး လာပြီးတော့ နောင်တချိန်မှာ ငပလီဆိုတာ ကမ္ဘာမြေပေါ်က ပျောက်သွားစရာရှိတယ်။”လို့လည်းပြောခဲ့ပါတယ်။

ဒေသခံ ဦးညီလေးက“ညစဉ်ညတိုင်း တူးနေတယ်။ ဒီနေရာမှာဘာရှိလဲ၊ ရဲစခန်းနဲ့ နီးနီးလေး။ ရဲစခန်းနဲ့နီးပါးလျက်နဲ့ ဒေသအာဏာပိုင်တွေက ဘာကြောင့် မတားတာလဲ။ ကျနော်တို့ ဒေသမှာ အာဏာပိုင်းအဖွဲ့အစည်းတွေ မရှိတော့လောက်ဖြစ်နေပြီဆိုတာ ထင်နေရတယ်"လို့ပြောခဲ့ပါတယ်။

သတင်းအရင်းအမြစ်-BVD

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။