ဝါရင့်သရုပ်ဆောင် မင်းသားကြီးတွေဖြစ်ကြတဲ့ မင်းသားရန်အောင်က ရဲအောင်ကို ဂါရဝတရားနဲ့ ကန်တော့ခဲ့ပါတယ်။ ဇာတ်ကား အတူရိုက်နေတုန်း ရှုတင်မှာ ဦးချကန်တော့ခဲ့တာ ဖြစ်ပါတယ်။ သီတင်းကျွတ်ချိန်ခါမှာ ကြီးသူကို ငယ်သူက အရိုအသေပေးပြီး ကန်တော့တဲ့ ချစ်စရာကောင်းတဲ့ မြန်မာ့ ရိုးရာ ယဉ်ကျေုးမှုဟာ ရိုက်ကွင်းက ရှုတင်မှာလည်း အသက်ဝင်လှုပ်ရှားလွှမ်းမိုးခဲ့ပါတယ်။ အကယ်ဒမီစိုးမြတ်သူဇာ က သူ့ထက်အကိုကြီးတွေဖြစ်ကြတဲ့ ရဲအောင်နဲ့ ရန်အောင်ကိုု လက်ဆောင်ခြင်းတွေနဲ့အတူ ဦးချကန်တော့ခဲ့ပြီး ဇေရဲထက်ကလည်း ပါဝင်ကန်တော့ခဲ့တာ ဖြစ်ပါတယ်။

ညီမဖြစ်သူ စိုးမြတ်သူဇာက ဦးချကန်တော့လိုက်ချိန်မှာ ပီတိမျက်ရည်များပင် ဝဲမိတယ်လို့ ရန်အောင်က ဆိုပါတယ်။ ထို့နောက်မှာတော့ ဦးရန်အောင်က သူ့ထက် လအနည်းငယ်ကြီးတဲ့ ဦးရဲအောင်ကို ဂါရ/ဝတရားဖြင့် ပြန်လည်ဦးချ ကန်တော့ခဲ့ပါတယ်။ ဦးချကန်တော့ တော့ ဦးရဲအောင်က ဦးရန်အောင်ရဲ့ လက်ကိုကိုင်ပြီး ဆုတွေ စုံနေအောင်ပြန်ပေးပြီး မြန်မာ့ရိုးရာဓလေ့အတိုင်း မုန့်ဖိုး ပြန်ပေးခဲ့တယ်လို့ သိရပါတယ်။

“ကြီးသူကို ရိုသေဆိုတဲ့အတိုင်း ကျွန်တော့်ထက် လအနည်းငယ်ကြီးတဲ့ ကိုရဲအောင်ကို ဂါရဝတရားရှေ့ထားပြီး ဦးချခဲ့ပါတယ်..။ ကျွန်တော့လက်ကို ကိုင်ပြီး ဆုတွေ ပြည့်စုံအောင်တောင်းပေးနေတဲ့ ကိုရဲအောင်အတွက် ကျွန်တော်ဟာ ကလေးတစ်ယောက်လိုပါ.. ကိုရဲအောင် ကျွန်တော့်ကို မုန့်ဖိုးပြန်ပေးတဲ့အတွက် ပျော်ရွှင်ကျေနပ်ရပြန်ပါတယ်..(ချစ်စရာကောင်းတဲ့ ဗုဒ္ဓဘာသာမြန်မာ့ဓလေ့ ပါဘဲခင်ဗျာ)” ဟု ဥၤီးရန်အောင်က သူ့ရဲ့ fb စာမျက်နှာမှာ ရေးသားထားပါတယ်။ တစ်ဦးကို တစ်ဦး ကြီးသူကို ငယ်သူက အဆင့်ဆင့် ဂါရဝတရားနဲ့ ဦးချကန်တော့နေတဲ့ မြင်ကွင် တကယ့်ကို ကြည်နူးစရာကောင်းလှပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။