မြန်မာနိုင်ငံရဲ့ အောင်မြင်ကျော်ကြားတဲ့သူတွေထဲမှာ LGBT အသိုင်းအဝိုင်းက လူတွေလည်း ပါဝင်ပါတယ်။ နိုင်ငံတကာမှာသာမက မြန်မာပြည်မှာပါ လက်ခံစပြုလာပြီဖြစ်တဲ့ သူတို့ဟာ ကိုယ်ဝါသနာပါရာ အလုပ်တွေကို ကြိုးစားလုပ်ကိုင်ရင်း ပရိသတ်တွေနဲ့အတူ လူ့ဘောင်အသိုင်းအဝိုင်းရဲ့ အသိမှတ်ပြုခံလာရခြင်း ဖြစ်ပါတယ်။ 

လက်ရှိမြန်မာပြည်မှာ နိုင်ငံကျော် မိတ်ကပ်ပညာရှင် မထက် အလှမယ် မျိုးကိုကိုစန်း စသဖြင့် Shemale တွေ Ladyboy တွေရှိသလို အခုဆိုရင်တော့ နောက်တစ်ဦး ထပ်မံပေါ်ထွက်လာပါပြီ။ သူမကတော့ စစ်ပိုးအိမ်ဖြစ်ပါတယ်။ ယခုလူမှုကွန်ယက်ပေါ်မှာတော့ သူမရဲ့ ဓာတ်ပုံတွေဟာ နာမည်ကြီးလို့နေပြီး တချို့ကတော့ မိန်းကလေးရှုံးအောင်တောင် လှတယ်ဆိုပြီး ချီးကျူးနေကြပါတယ်။

သူမရဲ့ နာမည်အရင်းကတော့ ရွှေပိုးအိမ်လို့သိရပြီး စစ်ပိုးအိမ်လို့ နာမည်ပြောင်းထားကြောင်းသိရပါတယ်။ Nude Art ဓာတ်ပုံတွေကို အပျော်တမ်းရိုက်ကူးရင်း ပရိသတ်သတိထားမိရာမှ နာမည်ကြီးနေတာဖြစ်ပါတယ်။ မိသားစုနဲ့ ပတ်ဝန်းကျင်က တဖြေးဖြေးနာလည်လက်ခံလာပြီဖြစ်သလို သူမအနေနဲ့ လိင်အင်္ဂါပြောင်းလဲ ခွဲစိတ်ဖို့လည်း အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။ လတ်တလောမှာတော့ သူမရဲ့ လက်ရှိဘဝကို ပျော်ရွှင်ကျေနပ်စွာ ရဲရဲဝင့်ဝင့် ဖြတ်သန်းနေတယ်လို့ သိရပါတယ် ပရိသတ်ကြီးရေ.........

Photo Source: Sit Poe Eaint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။