Exo အဖွဲ့ဝင်ဟောင်း Luhan ဟာ တရုတ်နိုင်ငံသားတစ်ဦးဖြစ်တာမို့ ကိုရီးယားမှာရော တရုတ်မှာပါ အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့ပါတယ် ။

ကမ္ဘာတစ်ဝှမ်းမှာ သူ့ကိုအားပေးတဲ့ ပရိတ်သတ်တွေဟာလည်း မနည်းမနောပါပဲ ။ နှုတ်ခမ်းနီမလေးတွေ သည်းသည်းလှုပ်အားပေးချစ်ခင်တာ ခံရတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ ခုတော့ နှုတ်ခမ်းနီမလေးတွေ အသည်းကွဲစေမယ့် သတင်းတစ်ပုဒ်ထွက်ပေါ်လာပါပြီ ။

Luhan က ချစ်သူရှိနေပြီဖြစ်တဲ့အကြောင်းကို Weibo လူမှုကွန်ယက်ကတစ်ဆင့် ထုတ်ဖော်ပြသလိုက်တာပါ ။ သူ့ရဲ့ချစ်သူက တရုတ်မင်းသမီးတစ်ယောက်ဖြစ်ပြီး Guan Xiao tong လို့ခေါ်ပါတယ် ။ Luhan က အသက် ၂၇ နှစ်ရှိပြီး မင်းသမီးက အသက် ၂၀ သာ ရှိသေးတာမို့ ရ နှစ်ကွာတဲ့ ချစ်သူစုံတွဲလေးပါ ။ Nation’s Daughter လို့ တရုတ်ပြည်မှာ တင်စားခံရတဲ့ မင်းသမီး Guan Xiao tong ဟာ ချမ်းသာကြွယ်ဝတဲ့ အနုပညာမျိုးရိုးကဆင်းသက်လာသူပါ ။ 

Beijin Film Academy ကျောင်းဆင်းတစ်ဦးဖြစ်ပြီး ငယ်စဉ် အသက် ၄ နှစ်အရွယ်မှာတည်းက ကလေးသရုပ်ဆောင်ဖြစ်ခဲ့သူပါ ။

ကျောင်းဆင်းပြီးကာစ ဆယ်ကျော်သက်အရွယ်ရောက်တဲ့အချိန်မှာ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်ခဲ့ပါတယ် ။ ငယ်ရွယ်သေးပေမယ့် သရုပ်ဆောင်ပိုင်းနဲ့ပါတ်သတ်တဲ့ ဆု ၅ ဆုတောင်ပိုင်ဆိုင်ထားပြီးပါပြီ ။ သူမဟာ အဆိုပညာလဲ ခေသူတစ်ယောက်မဟုတ်ပါဘူး ။ Eighteen လို့အမည်ရတဲ့ တစ်ကိုယ်တော် တေးအယ်ဘမ်ကို ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ် ။ သူမသီဆိုထားတဲ့ ဇာတ်ဝင်တေးတွေလဲ အများကြီးပါပဲ ။ Weibo မှာ Luhan က

" အားလုံးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။ သူမက ကျွန်တော့ရဲ့ ချစ်သူပါ " လို့ တရားဝင်ချပြလိုက်တဲ့ ပို့စ်မှာ သူမက Love React လေးပေးပြီး confirm ထပ်လုပ်သွားခဲ့တာမို့ ဒီသတင်းဟာ ခုလက်ရှိ popular အဖြစ်ဆုံး သတင်းတစ်ခုဖြစ်သွားခဲ့ပါတယ် ။ Luhan နဲ့ သူ့ ချစ်သူရဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော် ... ။

သတင်းအရင်းမြစ် Weibo and Vincis (IGT)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။