ဒီညရဲ့ The X Factor မှာတော့ Group Song အဖြစ် ပြိုင်ပွဲဝင်များ အားလုံးက “ချစ်သော ကမ ္ဘာမြေ” သီချင်းကို လှလှပပ မြိုင်မြိုင်ဆိုင်ဆိုင် သီဆိုပြီး Result Show ကို စတင် အသက်သွင်းသွားခဲ့ပါတယ်။ ဧည့်သည်အဆိုတော်အဖြစ် Too Big အဖွဲ့မှ “DJ ရဲ့ ဘဝ” နှင့် “ထာဝစဉ်” သီချင်းများနှင့့် ဖျော်ဖြေ သီဆိုခဲ့ပါတယ်။ Too Big အဖွဲ့ကိုမြင်တော့ တကယ့်ကိုပဲ Y2K ကိုလည်း အမှတ်ရစေခဲ့ပါတယ်။

ထို့နောက် ပရိတ်သတ်တွေ အားလုံး ရင်ခုန်စိတ်လှုပ်ရှားရတဲ့ Result ကို စတင်ကြေငြာခဲ့ပါတယ်။ ဒိုင်လူကြီး ဇဝါ ရဲ့ Group Category က အဖွဲ့ဝင်များအားလုံးက အရင်ဆုံး အောင်မြင်သွားခဲ့ပါတယ်။ ထို့နောက် ငယ်ငယ်ရဲ့ အဖွဲ့သားများ အားလုံးလည်း နောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်က bottom 2 မှာ ပါ၀င်ခဲ့တဲ့ ပြိုင်ပွဲဝင် သဲထူး ရဲ့ နာမည်ကို ပရိတ်သတ်များ အော်နေသလိုပဲ သူကလည်း နောက်တစ်ဆင့်ကို အောင်မြင်စွာ တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

ဒီတစ်ပတ် bottom 2 မှာ ထိုင်ခဲ့ရသူ နှစ်ဦးကတော့ M ဂျာဆိုင်းမိုင် နဲ့ Purity တို့ ဖြစ်ခဲ့ပါတယ်။ ကံဆိုးမိုးမှောင် ကျခဲ့တယ်ပဲ ပြောရမလား ဒိုင်လူကြီး ဇမ်းနူးရယ် … တကယ့်ကိုပဲ ရှားပါးတိုက်ဆိုင်လွန်းတာကို ရင်ဆိုင်ခဲ့ရပါတယ်။ ကိုယ့်ရဲ့ အဖွဲ့ထဲကပဲ နှစ်ယောက်စလုံးက bottom ထိပြီးတော့ ဒီနှစ်ယောက်ထဲက တစ်ယောက်ကို မဖြစ်မနေ အိမ်ပြန်လွှတ်ရမဲ့ ကိစ္စတစ်ခုကို ဆုံးဖြတ်ခဲ့ပါတယ်။ ဇမ်းနူး နေရာမှာ ဘယ်သူပဲ ဖြစ်ဖြစ် အရမ်းကို စိတ်မွှန်းကြပ်နေမယ်ဆိုတာ တွေးကြည့်ရုံနဲ့ သိသာပါတယ်။ ဒါပေမဲ့ မှန်ကန်တဲ့ ရွေးချယ်မှုကို ပေးခဲ့တယ်လို့ ပရိတ်သတ်တွေက ယုံကြည်ကြပါတယ်။ 

M ဂျာဆိုင်းမိုင် က “ပို၍လှသော မနက်ဖြန်” သီချင်းကို သီဆိုသွားခဲ့ပြီး Purity ကတော့ “သီချင်းလက်ဆောင်” သီချင်းကို အမှားအယွင်းနည်းစွာ သီဆိုသွားခဲ့ပါတယ်။ ငယ်ငယ်နဲ့ ဇဝါက Purity ကို save လုပ်ခဲ့သော်လည်း စည်သူလွင် နဲ့ ဇမ်နူး ကတော့ M ဂျာဆိုင်းမိုင်ကို save လုပ်ခဲ့ပါတယ်။ အရမ်းခံစားရပြီး ရွေးချယ်ရ ခက်တဲ့ ဇမ်နူးကတော့ ပရိတ်သတ်တွေရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ ရွေးချယ်စေခဲ့ပါတယ်။ ဒါကလည်း မှန်ကန် သင့်တော်တဲ့ ရွေးချယ်မှုလို့ပဲ ယူဆပါတယ်။ အရမ်းကို စိတ်မကောင်း ဖြစ်ရပါတယ် M ဂျာဆိုင်းမိုင် ရယ် ….   

ပရိတ်သတ်တွေ အားလုံးကလည်း မိမိရွေးချယ်ခဲ့တဲ့ ပြိုင်ပွဲဝင်တွေအတွက် ဆက်လက်အားပေးဖို့ မျှော်လင့်ပါတယ်။ နောက်တစ်ပတ်မှာလည်း ဘယ်လို သီချင်းတွေကို ဘယ်လို တင်ဆက်ပုံတွေနဲ့ ဖျော်ဖြေ တင်ဆက်မလဲ ဆိုတာကို ရင်ခုန်စွာနဲ့ စောင့်မျှော်ကြည့်ရှုကြရအောင်နော် …. <3 <3 <3

အားလုံးပဲ သာယာလှပသော နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေနော် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။