မြောက်ကိုရီးယား နဲ့ ဆွေးနွေးခဲ့တဲ့ ၂၅ နှစ်တာ ကာလ ဟာ အမေရိကန် စေ့စပ်ညှိနှိုင်းသူတွေကို အရူးသာ ဖြစ်စေခဲ့တယ်လို့ သမ္မတ ထရန့် က စနေနေ့ မှာ Twitter စာမျက်နှာပေါ်ကနေ ရေးသားပြောဆိုခဲ့ပါတယ်။ တစ်ခုတည်းသောအရာကသာ အလုပ်ဖြစ်လိမ့်မယ်လို့ လည်း ပြောဆိုခဲ့တာကြောင့် သမ္မတ ထရန့် အနေနဲ့ စစ်ရေးနည်းလမ်းကို အသုံးပြုတော့မှာလား ဆိုတဲ့ ထင််မြင်ချက်ကို ထပ်လောင်းထင်မြင်စေခဲ့ပါတယ်။

သမ္မတ ထရန့်က ယခု အချိန် အခြေအနေဟာ မုန်တိုင်းမလာခင် ငြိမ်သက်နေတဲ့ အခြေအနေမျိုးဖြစ်တယ်လို့ လည်း Twitter စာမျက်နှာပေါ်ကနေ ရေးသားပြောဆိုခဲ့ပါတယ်။ အိမ်ဖြူတော်ပြန်ကြားရေးတာဝန်ခံဖြစ်တဲ့ Sarah Sanders ကတော့ "ယခင်ကလိုပဲ သမ္မတ ထရန့် ဘာလုပ်မယ်ဆိုတာကို ကျွန်မတို့ အနေနဲ့ ကြိုတင်ပြောကြားမှာ မဟုတ်ပါဘူး။ သမ္မတ ထရန့် ရဲ့ မှတ်ချက်စကားနဲ့ ပတ်သက်ပြီး သမ္မတ ထရန့် ဘာလုပ်မယ်ဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်" လို့ဖြေကြားသွားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကတော့ မြောက်ကိုရီးယား အပေါ် စစ်ရေးနည်းလမ်းကို အသုံးပြုခြင်းဟာ မြောက်ကိုရီးယား နဲ့ သံတမန် ဆက်သွယ်ရေး လုံးဝရပ်ဆိုင်းသွားတဲ့ အခါမှ သာ ရွေးချယ်မယ့် တစ်ခုတည်းသောနည်းလမ်းဖြစ်တယ် လို့ပြောဆိုခဲ့ပါတယ်။ သမ္မတ ထရန့် ဟာ မြောက်ကိုရီးယား နိုင်ငံကို လိုအပ်ပါက အလုံးစုံဖျက်ဆီးပစ်မယ်လို့ ကုလသမဂ္ဂညီလာခံ မှာ ပြောဆိုခဲ့ပါသေးတယ်။

Source: CBS News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။