ဂျက်ကီချန်း နဲ့ ယခင် “Rush Hour” ဇာတ်ကားမှာ အတူသရုပ်ဆောင်တဲ့ Chris Tucker က သာ အတူထပ်ရိုက်ဖို့ သဘောတူပါက “Rush Hour 4” ဇာတ်ကားကို ရိုက်ကူူးသွားမယ်လို့ အောက်တိုဘာ ၅ ရက်သောကြာနေ့က အင်တာဗျူးတစ်ခုမှာ ပရိသတ် အချစ်တော် ဂျက်ကီချန်းက ပြောကြားသွားပါတယ်။

“Rush Hour 4” ဇာတ်ကား ကို နောက်နှစ်စတင်ရိုက်ကူးမယ်လို့ ဂျက်ကီချန်း က အတည်ပြုခဲ့ပါတယ်။ ခုနှစ် နှစ်လောက် ဇာတ်ညွှန်းပြန်လည်စိစစ်ပြီးနောက် မနေ့ကပဲ ကျွန်တော်တို့်သဘောတူညီပြီးပါပြီ လို့ ဂျက်ကီချန်းကပြောသွားပါတယ်။

ပထမဆုံး “Rush Hour” ဇာတ်ကားကို လွန်ခဲ့တဲ့ နှစ်နှစ်ဆယ် နီးပါးလောက် ကတည်းက စတင်ရိုက်ကူးခဲ့ပြီး လေးကားမြောက် “Rush Hour 4” ဇာတ်ကားကို ပရိသတ်တွေ စောင့်မျှော်နေကြပါတယ်။ ကဲ ပရိသတ်တွေ ကြည့်ချင်နေကြတဲ့ “Rush Hour 4” ဇာတ်ကားမှာ ဂျက်ကီချန်း အနေနဲ့ ဘယ်လိုတွေ သရုပ်ဆောင်ပြီး ပရိသတ်ကို ဖျော်ဖြေမလဲဆိုတာတော့ စောင့်ကြည့်ရမှာပါ။

Source: International Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။