ယခုနှစ်အတွင်းတွင် အကြမ်းဖက်မှုများဆက်တိုက်ဖြစ်ပွားလျက်ရှိနေသည်။ ယခုအခါတွင်လည်း လန်ဒန်တွင် လူသွားပလက်ဖောင်းပေါ်ကားတက်၍မောင်းတိုက်ခဲ့မိသောကြောင့် လူ၁၁ဦးဒဏ်ရာရခဲ့ပါတယ်။ ဖြစ်စဉ်မှာ အောက်တိုဘာလ ခုနှစ်ရက်နေ့က ဖြစ်ပွားခဲ့တာပါ။ သို့သော် အစိုးရအာဏာပိုင်များနှင့် ရဲတပ်ဖွဲ့က ယခုဖြစ်စဉ်မှာ အကြမ်းဖက်မှုမဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ယခုနှစ်အတွင်း ဗြိတိန်နိုင်ငံမြို့တော်တွင် လမ်းပေါ်ရှိလူများကို ရည်ရွယ်ချက်ရှိရှိ ကားဖြင့် ၀င်တိုက်မှု သုံးမှု ဖြစ်ပွားခဲ့ပြီးနောက် ယခုကိစ္စမှာ ယာဉ်မတော်တဆမှု သက်သက်သာဖြစ်သည်ဟု ရဲများက ပြောခဲ့ခြင်းဖြစ်သည်။ ကန်ဆင်တန်တောင်ပိုင်းရှိ တစ်ခြမ်းကို လမ်းသွားလမ်းလာများအတွက်သာ ခွင့်ပြု ပေးထားသော Exhibition လမ်းထဲသို့ ကားတစ်စီး ရုတ်တရက် ၀င်လာခဲ့ရာ မိသားစုများ၊ ကမ္ဘာလှည့် ခရီးသွားများကြားတွင် ထင်ရှား သည့် ထိုနေရာမှ လူအုပ်ကြီးသည် ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြရသည်။ အနက် ရောင် တိုယိုတာ Prius ကားအား မောင်းနှင်ခဲ့သည့် ထိုကားမောင်းသမားအား မြေပြင်ပေါ်သို့ လှဲချကာ ရဲများက ဖမ်းဆီးနေသည်ကို Twitter ပေါ်သို့တင်ခဲ့သည့် ဗီဒီယိုတစ်ခုထဲ တွင် တွေ့ရသည်။ ဆေးရုံသို့ ပို့ခဲ့ရသည့် လူကိုးဦးအနက် ထိုယာဉ်မောင်းလည်းပါ၀င်ပြီး မည်သူမျှ အသက်အန္တရာယ်စိုးရိမ်ရလောက်သည့် ဒဏ်ရာရခဲ့ဖွယ် မရှိပေ

အခင်းဖြစ်ပွားရာနေရာနှင့် သိပ္ပံပြတိုက်၊ ၀ိတိုရိယနှင့် အဲဘတ်ပြတိုက်တို့ရှိသည့် အနီးဝန်းကျင် နေရာများသို့ လက်နက်ကိုင်ရဲများ တပ်ဖြန့်ထားသည်ဟု သိရသည်။ မတ်လမှစ၍ ဗြိတိန်တွင် အကြမ်းဖက်တိုက်ခိုက်ငါးခု ဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံထဲ၌ လုံခြုံရေးကို တိုးမြှင့်ထားခဲ့သည်။ ထိုတိုက်ခိုက်မှုငါးခုအနက် လေးခုမှာ လန်ဒန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျန်တစ်ခုမှာ လူ ၃၅ ဦးကို သေစေခဲ့သော မန်ချက်စတာ တိုက်ခိုက်မှုဖြစ်သည်။ ၀န်ကြီးချုပ် ထရီဆာမေက အရေးပေါ်တပ်ဖွဲ့များကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး ဒဏ်ရာရသူများအကြောင်း ခေါင်းထဲတွင် ရှိနေမည်ဟု ပြောကြားခဲ့သည်။

Source – Reutter, Eleven

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။