ရန်ကုန်-မန္တလေးအမြန် လမ်းမကြီးကတော့ မတော်တဆမှုတွေအမြဲလိုလိုဖြစ်လေ့ရှိပါတယ်။ ကားသမားတွေအနေဖြင့် လမ်းကောင်းတယ်ဆိုကာ အမောင်းကြမ်းလေ့ရှိပါတယ်။ အဆိုပါ အမြန်လမ်းမကြီးကတော့ မကြာခဏ လူသေလေ့ရှိပါတယ်။ အဆိုပါ အမြန်လမ်းမကြီးတွင် နောက်ဆုံး၉လအတွင်း လူသေဆုံးမှု၈၀ကျော်ရှိလာပါပြီ

ရန်ကုန်-မန္တလေးအမြန် လမ်းမကြီးတွင် ယခုနှစ်ဇန်နဝါရီ မှ စက်တင်ဘာလကုန်အထိ ယာဉ်မတော်တဆမှု လေးရာအ ထိဖြစ်ပွားပြီး ၈၄ ဦးသေဆုံးခဲ့ ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။ အဆိုပါကိုးလအတွင်း ဧပြီ တွင် မတော်တဆမှုအများဆုံး ဖြစ်ပြီး လူသေဆုံးမှုနှင့်ဒဏ်ရာရရှိ မှုအများဆုံးသည် ဧပြီနှင့်မေလ ဖြစ်ကြောင်း ၎င်းကဆက်လက် ရှင်းပြသည်။ ဧပြီတွင် အမြန်လမ်း၌ ယာဉ်မတော်တဆမှု ၆၅ မှုဖြစ် ပွားပြီး လူ ၁၅ ဦးသေဆုံးကာ ၁၂၁ ဦးဒဏ်ရာရရှိခဲ့သည်။ ထို့ အတူ မေလ၌ယာဉ်မတော်တဆမှု ၄၇ မှုဖြစ်ပွားပြီး လူ ၁၅ ဦးသေဆုံးကာ ၁၈၈ ဦးဒဏ်ရာရရှိခဲ့သည်။ ကိုးလအတွင်း အမြန်လမ်း ပေါ်တွင်ဖြစ်ပွားသည့် ယာဉ်မ တော်တဆမှုများကြောင့် အမျိုး သား ၆၃ ဦးနှင့် အမျိုးသမီး ၂၁ ဦးစုစုပေါင်း ၈၄ ဦးသေဆုံးခဲ့ပြီး အမျိုးသား ၃၃၉ ဦးနှင့်အမျိုးသမီး ၂၆၉ ဦးဒဏ်ရာရရှိကြောင်း အ မြန်လမ်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ် ဦးက ပြောသည်။

အမြန်လမ်းတွင် ဖြစ်ပွား သည့် ယာဉ်မတော်တဆမှုများ သည် အရှိန်လွန်သဖြင့် တိမ်း မှောက်မှု အများဆုံးဖြစ်ပွားပြီး ၂၀၁၂ မှ ၂၀၁၇ အထိ ယာဉ်မ တော်တဆမှုကြောင့် လူသေဆုံးမှု အများဆုံးနှစ်သည် ၂၀၁၆ ဖြစ်သည်။ ယာဉ်မတော်တဆမှု ကြောင့်၂၀၁၆ တွင်အမျိုးသား ၁၀၇ ဦး၊ အမျိုးသမီး ၆၃ ဦးသေ ဆုံးခဲ့သည်။၂၀၁၄ တွင် အမျိုး သား ၁၁၄ ဦး၊ အမျိုးသမီး ၄၃ ဦးသေဆုံးပြီး ဒုတိယအများဆုံး နှစ်ဖြစ်သည်။ ရန်ကုန်-မန္တလေးအမြန် လမ်းမကြီးတွင် ၂၀၁၂ မေလမှ ၂၀၁၇ စက်တင်ဘာလကုန်အထိ ငါးနှစ်အတွင်း ယာဉ်မတော်တဆ မှုကြောင့်သေဆုံးသူ ရ၀၅ ဦးရှိပြီး ဒဏ်ရာရရှိသူ ၄,၅၁၉ ဦးရှိ ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ ယာဉ်မတော်တဆမှုစာရင်းများ၌ ဖော်ပြထားသည်။ အမြန်လမ်းတွင် ဖြစ်ပွား သည့် ယာဉ်မတော်တဆမှုများ၌ ငါးနှစ်အတွင်း အမျိုးသား ၄၉၁ ဦးနှင့် အမျိုးသမီး ၂၁၄ ဦး သေ ဆုံးပြီး အမျိုးသား ၂,၆၉၁ ဦးနှင့် အမျိုးသမီး ၁,၈၂၈ ဦး ဒဏ်ရာရရှိခဲ့သည်။

Source – 7 Days News, Photos Credit 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။