ခါးပိုက်နှှိုက်ရန်ကတော့ မြန်မာပြည်မှာဆိုးလှပါတယ်။ ရန်ကုန်လိုမြို့ကြီးမှာ ခါးပှိုက်နှိုက်တွေ ပေါပါတယ်။ ရန်ကုန်တင်မဟုတ်ပါဘူး။ အခြားမြို့ကြီးများမှာလည်း ခါးပိုက်နှိုက်တွေ ပေါများလှပါတယ်။ တောင်ကြီးတို့ မန္တလေးတို့လို လူအသွားအလာ ထူထပ်တဲ့နေရာမှာလည်း ခါးပိုက်နှိုက်တွေကြီးစိုးပါတယ်။

ယခုအခါမှာတော့ အသံချဲ့စက်ဖြင့် ခါးပိုက်နှိုက်ရန်သတိပေးခြင်းကိုကျင့်သုံနေပါတယ်။ တောင်ကြီးမြို့မစျေး ကြီးတွင် ခါးပိုက်နှိုက်အန္တရာယ်ကို စျေးဝယ်သူများ သတိပြုမိရန်အသံချဲ့စက်ဖြင့် သတိပေးနေ ကြောင်း စျေးတာဝန်ခံ ဦးခင်အေး ကပြောသည်။ ‘‘သီတင်းကျွတ်နဲ့ တန်ဆောင် တိုင်ကာလမှ စျေးဝယ်သူများတဲ့ အတွက် ခါးပိုက်နှိုက်ခံရတာတွေ ရှိတယ်။ အဲဒီအတွက် သူတို့မှာပါ လာတဲ့ ရွှေငွေလက်ဝတ်လက်စားတွေကို ဂရုပြုမိအောင် ကြေညာပေးတာပါ’’ ဟု ၎င်းကပြောသည်။ မြို့မစျေးတာဝန်ခံ ရုံးခန်းမှ အသံချဲ့စက်ဖြင့် တစ်စျေးလုံး ကြားရန် နေ့စဉ် ငါးကြိမ်ခန့် သတိ ပေးနေကြောင်း ၎င်းကဆိုသည်။ 

သီတင်းကျွတ်မတိုင်မီနှင့် သီ တင်းကျွတ်အပြီးတွင် မြို့မစျေး ကြီးအတွင်း ခါးပိုက်နှိုက်ခံရသူ ငါးဦးထက်မနည်းရှိပြီး ရွှေ၊ ငွေ နှင့် ကာလတန်ဖိုး ကျပ်ဆယ်သိန်း ခန့် ခါးပိုက်နှိုက်ခံရသည်ဟု အဆို ပါစျေးတာဝန်ခံရုံးမှတ်တမ်းတွင် ဖော်ပြထားသည်။ ခါးပိုက်နှိုက်က မှတ်ပုံတင်၊ ပိုက်ဆံအိတ်များကို စျေးအတွင်း ရှိ အမှိုက်ပုံး၊ လူပြတ်လပ်သည့် နေရာတို့တွင် စွန့်ပစ်ခဲ့ပြီး သန့်ရှင်းရေးဝန်ထမ်းများက တွေ့ရှိသည့် အခါ စျေးတာဝန်ခံရုံးသို့ အပ်နှံ သဖြင့် မှတ်ပုံတင်၊ ဘဏ်ကတ်များ ကို ပျောက်ဆုံးသူထံ ဖုန်းဖြင့် ဆက်သွယ်၍ ပြန်လည်ပေးအပ်ခဲ့ ကြောင်း ဦးခင်အေးက ပြော သည်။ တောင်ကြီး မြို့မစျေးကြီး တွင် စျေးရုံ ၁၉ ရုံ၊ စျေးဆိုင်ခန်း ၁,၈၁၃ ခန်းရှိသည်ဟု တောင် ကြီးမြို့နယ် စည်ပင်သာယာရေး ဌာနမှ သိရသည်။

Source – 7 Days News 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။