မကြာသေးမီက BIGBANG မှ G-Dragon နဲ့ IU တို့ဟာ သူတို့ရဲ့ ခင်မင်ရင်းနှီးမှု ကိုပြသခဲ့ပါတယ်။ အောက်တိုဘာလ ရ ရက်နေ့မှာ IU ဟာ G-Dragon ရဲ့ Show ပွဲမှာ ရုတ်တရက် ပေါ်လာခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ “Palette” နဲ့ “Missing You” သီချင်းနှစ်ပုဒ်ကို အတူတကွသီဆိုခဲ့ကြပါတယ်။

ပရိသတ်တွေကတော့ သူတို့နှစ်ယောက်ကို အားပေးခဲ့ကြပါတယ်။ ပြီးတော့ မအားလပ်တဲ့ ကြားက IU ဟာ ထိုင်ဝမ်ထိရောက်အောင်သွားပြီး G-Dragon နဲ့ တွဲဖက်သီဆိုခဲ့တာကို အ့့ံသြနေကြပါတယ်။ ဒါ့အပြင် G-Dragon ရဲ့ ထိုင်ဝမ် Show ပွဲမှာ IU ကသူမရဲ့ လာမယ့် ဒီဇင်ဘာလမှာ ကျင်းပမယ့် Show ပွဲ မှာ လာရောက်ဖို့ G-Dragon ကိုဖိတ်ကြားခဲ့ပါတယ်။ G-Dragon ကလည်း မဆိုင်းမတွဘဲ လာခဲ့ပါမယ် လို့ ပြန်ဖြေခဲ့ပါတယ်။

G-Dragon ဟာ IU ရဲ့ တေးသီချင်း အယ်လ်ဘမ်ဖြစ်တဲ့ “Palette” မှာ ပါ၀င်သီဆိုထားပါသေးတယ်။ G-Dragon ရဲ့ ရပ်(ပ်) အပိုင်း သီဆိုမှု တွေကို လညး်ပရိသတ်တွေက ချီးကျူးနေကြပါတယ်။ ပရိသတ်တွေကတော့ G-Dragon နဲ့ IU တို့ နှစ်ယောက်ကို အတူပူးတွဲမြင်တွေ့ရလို့ ၀မ်းသာနေကြပါတယ်။

Source: Korean Entertainment

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။