သူမကိုတော့ အထူးတလည် မိတ်ဆက်ပေးနေစရာတောင် မလိုလောက်ဘူးမလား။ သူမကလည်းအောင်မြင်တဲ့ ငွေကြယ်ပွင့်တွေထဲက တစ်ဦးအပါအဝင်ပါပဲ။ သူမကတော့ အသက်(၂၇)နှစ်အရွယ် အဆိုတော်မလေး Adele ပါပဲ။ Rolling In the Deep သီချင်းလေးဆိုပြလိုက်ရင်တောင် အဒဲလ် ကိုပဲမျက်လုံးထဲပြေးမြင်လိုက်မိမှာပါ။

ဒါပေမယ့် သာမန်အားဖြင့် လူတော်တော်များများကအဲ့လိုတောက်ပနေတဲ့ ငွေကြယ်ပွင့်တွေအကြောင်းကိုအပေါ်ယံလောက်သာသိထားကြမှာပါ။ သူတို့တွေ အောင်မြင်မှုမရရှိခင်မှာဘယ်လို ဖြတ်သန်းခဲ့လဲဆိုတာကျမစာရေးသူကိုယ်တိုင်လည်းအမှတ်တမဲ့ပါပဲ။

(၂၀၀၈)ခုနှစ်ကနေစပြီး (၂၀၁၆)ခုနှစ် အထိအနုပညာခရီးလမ်းပေါ်ကဂီတနဲ့အတူထိန်းထားနိုင်ပြီးအရည်အချင်းတွေပြည့်ဝတယ်လို့ သတ်မှတ်ခံရထားတယ်။ဒါ့ကြောင့်အဒဲလ် ရဲ့ သီချင်းလေးတွေကိုနားထောင် ဖူးနေကျ သူတွေဆိုရင်တော့ သူမရဲ့ အသံအားဘယ်လောက်ကောင်းလဲသိကြမယ်ထင်ပါတယ်။

သူမကို (၁၉၈၈)ခုနှစ် မေလ(၅)ရက်ကအင်္ဂလန်နိုင်ငံမှာမိခင်ဖြစ်သူPenny Adkins နဲ့ ဖခင် Mark Evans တို့ကမွေးဖွားခဲ့တာပါ။ စိတ်မကောင်းစရာကတော့ သူမအသက်(၄)နှစ်မှာဖခင်ဖြစ်သူကသူမတို့သားအမိကိုထားသွားခဲ့ပါတယ်။ 

သူမဖခင်ကအရက်အလွန်အကျွံသောက်သုံးတာကြောင့် အိမ်ထောင်ရေးကအဆင်မပြေဘဲကွာရှင်းခဲ့ကြပါတယ်။ ဒါပေမယ့် အဒဲကတော့ အဆို၀ါသနာပါသူဖြစ်တာကြောင့် အနုပညာနဲ့ဖျော်ဖြေရေးတက္ကသိုလ် BRIT ကိုတက်ရောက်ခဲ့ပြီး(၂၀၀၆)ခုနှစ်မှာဘွဲ့ရရှိခဲ့တာပါ။ သူမရဲ့ရည်မှန်းချက်ကအဆိုတော်ကောင်းတစ်ယောက်ဖြစ်ချင်တာကြောင့် အနုပညာပိုးပါတဲ့ အဒဲတစ်ယောက် Myspace မှာသူမရဲ့ အသံပရိုင်ဂရမ်တစ်ခုကိုသူမသူငယ်ချင်းဖြစ်သူကတင်ခဲ့ရာကနေသူမကို XL Recordings အဖွဲ့အစည်းကနေစာချုပ်ချုပ်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။အဲ့နောက်ပိုင်းအဒဲက (၁၉) နှစ် နဲ့ (၂၁)နှစ် အရွယ်ရောက်တဲ့အချိန်မှာတကိုယ်တော် သီချင်းအယ်ဘမ် နှစ်ခုကိုစတင်ဖြန့်ချိခဲ့တယ်။

(၂၀၁၁) ခုနှစ်ကဒုတိယသီချင်းခွေထွက်တဲ့အချိန်မှာအသက်(၂၁)သာရှိသေးပြီး Rolling In The Deep သီချင်းနဲ့ ဆုရရှိခဲ့သလိုအသက်အငယ်ဆုံး ၀င်ငွေကောင်းတဲ့ အဆိုတော်မလေးအဖြစ်လည်းဂင်းနစ်စံချိန်တွေချိုးခဲ့ပါတယ်။ သူမသီဆိုထားတဲ့ သီချင်းခွေတွေအများဆုံးရောင်းထွက်ခဲ့ပြီးပရိသတ်တွေကသူမကိုတခဲနက်အားပေးခဲ့ပါတယ်။ဒါကြောင့်မို့ အဒဲကတော့ နိုင်ငံတကာမှာရောင်းအားအများဆုံးနဲ့ ၀င်ငွေအကောင်းဆုံးအဆိုတော်တစ်ဦးအဖြစ် ဂရမ်မီဆုတွေလည်းအများကြီးချီးမြှင့်ခံရသူပါ။

ဒါ့ပြင် ဂျိမ်းစ်ဘွန်းဇာတ်ကားမှာ ဇာတ်ဝင်တေးအဖြစ် သူမကိုယ်တိုင် ရေးစပ် သီဆိုခဲ့တဲ့ Sky Fall သီချင်းနဲ့ အကောင်းဆုံးတေးရေးဆရာအော်စကာဆုကိုဆွတ်ခူးခဲ့နိုင်တာပါ။အိမ်ထောင်ကျပြီးနောက် မိခင်တစ်ဦးဖြစ်လာခဲ့တဲ့နောက်မှာ 25 အမည်ရတဲ့ သီချင်းခွေကို ဖြန့်ချိခဲ့ပြီးလက်တလောထိHeLLoသီချင်းကအွန်လိုင်းမှာလူကြိုက်များနေတဲ့ သီချင်းလေးပါ။ 

Stella (Myanmarload)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။