လွန်ခဲ့သည့် ၃နှစ်ဖြစ်တဲ့ ၂၀၁၄ခုနှစ်တွင် ကော့တောင်ကျွန်း(လိပ်ကျွန်း)တွင် ဗြိတိန်နိုင်ငံသားစုံတွဲ အသတ်ခံရမှုဖြင့် မြန်မာနိုင်ငံသားနှစ်ဦး အစွပ်စွဲခံခဲ့ရကာ ဖမ်းဆီးခဲ့ရသည်။ ထိုင်းရဲတပ်ဖွဲ့၏ စစ်ချက်အရ မြန်မာ၂ယောက်မှာ အပြစ်ရှိသည်ဟု စွပ်စွဲခံခဲ့ရသည်။ မြန်မာလုပ်သား၂ယောက်အတွက် အယူခံအကြိမ်ကြိမ်ဝင်ခဲ့သော်လဘ်း မအောင်မြင်ခဲ့ပေ။ အဆိုပါ လုပ်သား၂ယောက်ကို သေဒဏ်ချခံရန် ထိုင်းတရားရုံးက အမိန့်ချခဲ့သည်။ 

ယခုအခါ သေဒဏ်ကျခံနေရသော မြန်မာလုပ်သား နှစ်ဦးအတွက် မြန်မာဘက်က တင်သွင်းထား သည့် အယူခံအား ချေဖျက်သည့် အယူခံလျှောက်လဲချက်ကို တရား လိုဖြစ်သော ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာ ၂၂ ရက်တွင် နောက်ဆုံးထား တင်သွင်းရန် ထိုင်းနိုင်ငံ အယူခံတရားရုံးက သတ်မှတ်ခဲ့သည်။ လိပ်ကျွန်းလူသတ်မှုနောက် ဆုံးအယူခံကို မြန်မာလုပ်သားနှစ် ဦး၏ အကျိုးဆောင်ရှေ့နေများ ဖြစ်သော ထိုင်းနိုင်ငံရှေ့နေများ ကောင်စီက ဩဂုတ် ၂၁ ရက်တွင် ထိုင်းနိုင်ငံ ကော့စမွီတရားရုံးသို့ တင်သွင်းထားသည်။ ထိုသို့ တင်သွင်းထားသော အယူခံကို ချေဖျက်ရန် တရားလို ထိုင်းရဲတပ်ဖွဲ့က တင်သွွင်းရမည့် အယူခံလျှောက်လဲချက်ကိုအောက်တိုဘာ ၂၂ ရက်တွင် နောက်ဆုံးတင်သွင်းရန် ထိုင်းနိုင်ငံ အယူခံတရားရုံးက သတ် မှတ်ခြင်းဖြစ်သည်။ 

‘‘ရှင်းရှင်းပြောရရင် ဒီကလေးနှစ်ယောက်က အပြစ်ရှိ တယ်လို့ သေဒဏ်ကို ထပ်ပြီးအ တည်ပြုပေးခိုင်းတဲ့ လျှောက်လဲ ချက်ပေါ့။ အန်ကယ်တို့က အပြစ် မရှိကြောင်း တင်ထားတာကို သူ တို့က အပြစ်ရှိတယ်ဆိုပြီး တင်မှာပေါ့’’ဟု သေဒဏ်ကျခံနေရသော မြန်မာလုပ်သားနှစ်ဦး အရေး ဆောင်ရွက်ပေးနေသည့် မြန်မာ သံရုံးအထူးအဖွဲ့မှ ရှေ့နေ ဦး အောင်မျိုးသန့်က ပြောသည်။ တရားလို ထိုင်းရဲတပ်ဖွဲ့ သည် အယူခံလျှောက်လဲချက်ကို အောက်တိုဘာ ၂၂ ရက်အတွင်း အချိန်မီမတင်နိုင်ပါက တစ်လ ထပ်မံ ရက်တိုးတောင်းခံခွင့်ရှိ ကြောင်း ဦးအောင်မျိုးသန့်က ဆက်လက်ပြောသည်။ ‘‘သူတို့ဘက်ကလည်း ဒီလို တင်လာမယ်ဆိုတာ ကျွန်တော်တို့ က တွေးပြီးသားပါ’’ ဟု မြန်မာသံ ရုံးအထူးအဖွဲ့မှ ကိုမင်းဦးကပြော သည်။ ယခုနောက်ဆုံး အယူခံ ရှုံးနိမ့်ခဲ့ပါက မြန်မာလုပ်သားနှစ်ဦး အနေဖြင့် ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာတင်ရန်သာ ရှိတော့ သည်။ နောက်ဆုံးအယူခံတွင် မြန်မာအကြံပေးအဖွဲ့က ပေးပို့သည့်အချက်နှင့် ထိုိင်းနိုင်ငံရှေ့နေများကောင်စီက ရွေးချယ်သည့် အချက်များကို စုပေါင်းတင်ပြထားပြီး စာမျက်နှာ ၃၁၈ မျက်နှာ ပါ၀င်သည်။ မြန်မာလုပ်သားနှစ်ဦး၏ သေဒဏ်အမိန့်နှင့် ပတ်သက်၍ ပထမဆုံး အယူခံတင်သွင်းမှုကို ထိုင်းနိုင်ငံ အယူခံအောက်တရား ရုံးက ၂၀၁၇ ဖေဖော်ဝါရီ ၂၃ ရက်တွင် ပယ်ချပြီး သေဒဏ်ကို ဆက်လက် အတည်ပြုခဲ့သည်။ အဆိုပါအမိန့်အတွက် နောက်ဆုံး အယူခံတင်သွင်းမှုကို ထိုင်းအယူခံတရားရုံးက လက်ခံကြားနာ တော့မည်ဖြစ်သည်။

Source – 7 Days New

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။