မိန်းကလေးပရိသတ် အားပေးမှု အခိုင်အမာရရှိထားတဲ့ သူရုပ်ဆောင် အောင်လေး ဟာ Thuwunna Bomi Mountain View Hotel တွင် တောင်တန်းရှု့ခင်း အလှတွေနဲ့ သူ၏ Body အလှကိုပေါ်လွင်အောင် ရိုက်ကူးထားတဲ့ ပုံတွေကို Aung Lay Facebook အကောင့်ကနေတင်ခဲ့ပါတယ်။ 

သူရဲ့လူမှုကွန်ယက်မှာတင်ထားတဲ့စာသားလေး “အိမ်..အိမ်မက်နှင့်တကွပျံသန်း’’ ဆိုတဲ့စာလေးနဲ့ အတူ သူ၏ပျော်ရွှင်နေတဲ့ပုံရိပ်လေးတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ ရေကူးကန်မှာ Backflip လုပ်ထားတဲ့ ဟာသ Vedio လေးတင်ခဲ့တဲ့အတွက် ပရိတ်သက်တွေရယ်မော သဘောကျစေခဲ့ပါတယ်။

အနုပညာလှုပ်ရှားမှု တွေကိုအဆက်မပြတ်လုပ်ဆောင်နေပြီး ပရိတ်သက်ရင်ထဲကို ဝင်ရောက်လာတဲ့ အောင်လေး ဟာ လက်ရှိမှာ အဆိုတော် ခုပ်ပီး(Khup Pi) ရဲ့ ကျေနပ်တယ် ဆိုတဲ့ Music MTV လေးမှာလဲ မော်ဒယ်/သရုပ်ဆောင် ခင်ဝင့်ဝါနဲ့ အတူပါဝင်သရုပ်ဆောင်ထားပါတယ်။

Source - Aung Lay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။