ပိုကီမွန်ဂိုးတို့ COC တို့မပေါ်ခင် လွန်ခဲ့တဲ့ လေးငါးနှစ်လောက် က ထွက်ခဲ့တဲ့ Fruit Ninja ဆိုတဲ့ ဂိမ်းကိုဆော့ဘူးကြမှာပါ။ အဲ့ဒီဂိမ်းဟာ သစ်သီးတွေကို ဓားနဲ့ နင်ဂျာတစ်ယောက်လို လိ်ုက်ခုတ်ရတဲ့ ဂိမ်းဖြစ်ပါတယ်။ ထိုဂိမ်းအတိုင်း အပြင်မှာ လိုက်ခုတ်တဲ့အခါမှာတော့ ပြဿနာအကြီးကြီး တက်ပါတော့တယ်။

*သင်ယခုကြည့်မည့် သတင်းသည် စိတ်အနှောက်အယှက် ဖြစ်နိုင်မည့် ဓာတ်ပုံများပါ ပါသည်။*

Lance Stewart ဆိုတဲ့သူဟာ Facebook, Youtube, twitter စတဲ့ လူမှုကွန်ရက်တွေမှာ ပရိသတ်တွေကို ရယ်ရအောင် သူ့ဗီဒီယိုကြည့်ရှု့သူများအောင် ဗီဒီယိုတွေ တင်ပြီး စီးပွားရှာတဲ့ အနုပညာရှင်တစ်ယောက် Youtuber (or) Blogger တစ်ယောက်ပါ။

သူသည် ယနေ့ နက်နံ နှစ်နာရီ မြန်မာစံတော်ချိန်မှာ သူ့အကောင့် တွင် ဗီဒီယိုတစ်ခုတင်ခဲ့ပါတယ်။ နာရီပိုင်းအတွင်းမှာပဲ အဲ့ဒီဗီဒီယိုကို လူသန်းပေါင်းများစွာ ကြည့်ရှု့ခဲ့ကြပါတယ်။

'Fruit Ninja လိုမျိုးအပြင်မှာ ဆော့ကြည့်ရင်းနဲ့ ကျွန်တော့လက်ကိုခုတ်မိခဲ့တယ်' ဆိုပြီး ခေါင်းစဉ်တပ်ထားခဲ့ပါတယ်။

ဗီဒီယိုထဲမှာတော့ ကင်မရာနောက်ကသူက သစ်သီးတွေကိုပစ်ပေးပြီး သူကတော့ဂိမ်းထဲကလိုမျိုး သစ်သီးတွေကို ဓားနှစ်ချောင်းနဲ့ ခုတ်နေပါတော့တယ်။ ပထမ အလုံးမှာတော့ ဘာမှ မဖြစ်ပေမယ့် ဒုတိယအလုံးခုတ်တဲ့ အချိန်မှာ လက်ကိုဓားနဲ့ ခုတ်မိသွားပါတော့တယ်။

သွေးတွေ တစ်စက်စက်ကြပြီး မူးလဲတဲ့ အထိတောင်ဖြစ်ခဲ့တဲ့ အတွက် ဆေးရုံကားခေါ်ပြီးဆေးရုံရောက်သွားခဲ့ပါတယ်။သူ့ရဲ့ ပြောကြားချက်အရ ဒဏ်ရာပြင်းတဲ့အတွက်ကြောင့် လက်သန်းကို သုံးချက်၊ လက်သူကြွယ်ကို နှစ်ချက် လက်ဖဝါးစောင်းကို တစ်ချက် ချုပ်လိုက်ရတယ် လို့သိရှိရပါတယ်။

သူကတော့ ကြည့်ရှု့သူတွေကိုဒီလိုမျိုးလိုက်မလုပ်သင့်ကြောင်း၊ အန္တရာယ် အလွန်များကြောင်းလဲသတိပေးခဲ့ပါသေးတယ်။

ဒါပေမယ့် ဗီဒီယိုထဲမှာတော့ လက်ခုတ်မိတဲ့ အတွက်အော်ငိုနေတဲ့ သူ့ရဲ့ပုံစံဟာ လူအများအတွက်ရယ်စရာဖြစ်ခဲ့ပါတယ်။ ပြောချင်တာက ကမြင်းကြောထတုန်းက ထပြီးမှ မငိုနဲ့ပေါ့နော်။

ဗီဒီယိုဖိုင် - 

Youtube က မူလဗီဒီယိုဖိုင် -

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။