SM Entertainment ဟာ Girls’ Generation အဖွဲ့ဝင်သုံးဦး စာချုပ်သက်တမ်းမတိုးဖို့ ဆုံးဖြတ်ခဲ့တာနဲ့ပတ်သက်ပြီး အဖွဲ့ ရဲ့ အနာဂတ်အတွက် စိုးရိမ်ပူပန်နေကြတဲ့ ပရိသတ်တွေအတွက် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့မှာ SM Entertainment ဟာ Girls’ Generation အဖွဲ့ဝင်တွေ နဲ့ စာချုပ်ချုပ်ဖို့ အကြာကြီးဆွေးနွေးခဲ့ပါတယ်။ စိတ်မကောင်းစရာသတင်းကတော့ အဖွဲ့ဝင်အားလုံး စာချုပ်သစ် ထပ်မချုပ်ခဲ့ပါဘူး။ Taeyeon, YoonA, Hyoyeon, Yuri နဲ့ Sunny တို့ပဲ စာချုပ်သစ်ထပ်ချုပ်ခဲ့ပြီး Sooyoung, Seohyun နဲ့ Tiffany တို့ကတော့ SM Entertainment နဲ့ စာချုပ်သစ်ထပ်မချုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

သတင်းးရင်းမြစ်တစ်ခုက Yonhap News ကိုပြောကြားခဲ့ရာမှာတော့ “အဖွဲ့ဝင်သုံးဦးစာချုပ်ထပ်မချုပ်တော့ပေမယ့် Girls’ Generation အဖွဲ့ကတော့ အဖွဲ့အဖြစ်ဆက်လက်တည်ရှိနေမှာပါ။” လို့ပြောကြားသွားပါတယ်။

Source: Korean Entertainment

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။