မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်မှာ အယ်ဘေနီးယားအသင်းကို အီတလီအသင်းက တစ်ဂိုး ဂိုးမရှိနဲ့ အဝေးကွင်းမှာ သက်သောင့်သက်သာ အနိုင်ရယူနိုင်ခဲ့ပါတယ်။စပိန်အသင်းနဲ့အတူ နောက်တဆင့်တတ်ရောက်ခွင့်ရရှိထားတဲ့ အီတလီအသင်းကတော့ အဆင့် ၂ နေရာမှာ ရမှတ် ၂၃ မှတ်နဲ့ ရပ်တည်ခဲ့ပြီး အယ်ဘေနီးယားအသင်းကတော့ ရမှတ် ၁၃ မှတ်နဲ့ အဆင့် ၃ နေရာသာ ကျေနပ်ခဲ့ရတာလည်းဖြစ်ပါတယ်။ 

အယ်ဘေးနီးယားအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဆာဒီကူ၊ ဂရက်ဒါ၊ ရော်ဆီ၊ ကာဆီ၊ မယ်မူရှက်၊ ဘာရှာ တို့ကို ပွဲထွက်လူစာရင်းမှာတော့ အီဒါ၊ အီမိုဘီလီ၊ အစ်ဇနီ၊ ဂယ်ဂလီယာဒီနီ၊ ပါရိုလာ၊ ကန်ဒရီဗာ တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။နောက်တဆင့်တတ်ရောက်နိုင်ခဲ့ပြီ ဖြစ်တဲ့ အီတလီအသင်းကတော့ ပွဲကို ကစားကွက်အသာနဲ့ ထိန်းချူပ်ကစားခဲ့တာလည်းဖြစ်ပါတယ်

ပထမပိုင်းမှာ နှစ်သင်းစလုံးဟာဂိုးမရှိသရေရလဒ်နဲ့ ပြီးဆုံးခဲ့တာလည်းဖြစ်ပါတယ်။အိတလီအသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကိုတော့ ၇၃ မိနစ်မှာ ကန်ဒရီဗာ က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။အီတလီအသင်းကတော့ ဇာပါကော်စတာ ၊အယ်ရှာရာဝီ၊ ဂါဘီယာဒီနီ တို့ကိုအပြောင်းအလဲပြုလုပ်ခဲ့ပေမဲ့ ရလဒ်ကတော့ ပြောင်းလဲသွားခဲ့ခြင်းမရှိခဲ့ပါဘူး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။