အောင်သူတို့ရဲ့မြန်မာယူ-22အတွက်2017ခုနှစ်နောက်ဆုံးပွဲ

အောင်သူ၊စည်သူအောင်တို့ပါဝင်တဲ့မြန်မာမြန်မာယူ-22

အသင်းဟာကွာလာလမ်ပူဆီးဂိမ်းအပြီးအနားယူနေခဲ့တာ

ကြာပါပြီ။ဆီးဂိမ်းမှာရွှေမှန်းခဲ့ပေမယ့်စတုတ္ထသာရခဲ့တာ

တော့အားလုံးသိကြမှာပါ။ မြန်မာတို့ရဲ့ရွှေရောင်

အိမ်မက်တို့ဟာထိုင်းတိုက်စစ်မှူးချန်းရော့ရဲ့အသဲခွဲဂိုးနဲ့အတူ

လွှင့်ပြယ်ခဲ့ရပါတယ်။

အခုပြိုင်ဘက်ဟောင်းတွေဖြစ်တဲ့ထိုင်းနဲ့မြန်မာတို့ပြန်တွေ့ပါပြီ။

M-150အချိုရည်ကကြီးမှူးကျင်းပတဲ့ဘောလုံးပြိုင်ပွဲကြီး

တစ်ခုကိုဒီဇင်ဘာလထဲမှာကျင်းပသွားမှာပါ။

ပါဝင်မယ့်အသင်းတွေကတော့အာရှထိပ်သီးတွေဖြစ်တဲ့

ဂျပန်-23၊မြောက်ကိုရီးယားယူ-23၊ဥဇဘက်ကစ္စတန်ယူ-23

တို့အပြင်အာဆီယံဘောလုံးဘုရင်ထိုင်းယူ-23၊ဒေသတွင်း

ဘောလုံးအင်အားကြီးနှစ်နိုင်ငံဖြစ်တဲ့ဗီယက်နမ်နဲ့မြန်မာယူ-23

တို့ပါပဲ။

အုပ်စုခွဲဝေထားမှုအရအာရှထိပ်သီးတွေဖြစ်တဲ့ဂျပန်၊

မြောက်ကိုရီးယားနဲ့ဥဇဘက်တို့ကအုပ်စုတစ်စုမှာ

ရှိနေမှာဖြစ်ပြီးအာဆီယံထိပ်သီးတွေဖြစ်တဲ့ထိုုင်းဗီယက်နမ်

မြန်မာတို့ကအုပ်စုတစ်စုမှာရပ်တည်မှာပါ။အာဆီယံထိပ်

သီးသုံးသင်းဟာပြီးခဲ့တဲ့ဆီးဂိမ်းမှာလည်းတွေ့ဆုံထားခဲ့ကြပြီး

ထိုင်းအသင်းကကျန်နှစ်သင်းကိုအနိုင်ရယူထားပါတယ်။

အခုတစ်ကြိမ်မှာရော..

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။