မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်မှာ အိမ်ရှင်ဝေလ်းအသင်းကို အိုင်ယာလန်အသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး နောက်တဆင့်ကိုတတ်လှမ်းသွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။အိုင်ယာလန်အသင်းဟာ ရမှတ် ၁၉ မှတ်နဲ့ အဆင့် ၂ နေရာမှာ ရှိနေခဲ့ပြီး ဝေလ်းအသင်းကတော့ ရမှတ် ၁၇ မှတ်နဲ့ အဆင့် ၃ နေရာနဲ့သာ ကျေနပ်ခဲ့ရတာလည်းဖြစ်ပါတယ်

ဝေလ်းအသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ ရော်ဘတ်ဆင်ကနူး၊ အန်ဒီကင်း၊ ရမ်ဆေး၊ လောရန့်၊ လက်ဒလေ၊ အလန်တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အိုင်ယာလန်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ မာဖီ၊ မက်ကလင်း၊ ဟန်ဒရစ်၊ မေလာ၊ ဘရာဒီ၊ အာတာ တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။နောက်တဆင့်တတ်ရောက်ဖို့အတွက် အခွင့်အရေးတွေနှစ်သင်းလုံးရှိနေခဲ့တာကြောင့် ပွဲဟာ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့တာလည်းဖြစ်ပါတယ်။

ဝေလ်းအသင်းက တောက်လျှောက်ဖိအားပေးကစားနိုင်ခဲ့ပေမဲ့ အိုင်ယာလန်အသင်းရဲ့ ခံစစ်က ဒီနေ့ပွဲမှာ အကောင်းဆုံးဟန့်တားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ပထမပိုင်းမှာ နှစ်သင်းလုံးဟာဂိုးမရှိသရေရလဒ်နဲ့ ပြီးဆုံးခဲ့တာလည်းဖြစ်ပါတယ်။ဒုတိယပိုင်း ၅၇ မိနစ်မှာတော့ အိုင်ယာလန်အသင်း အဖွင့်ဂိုးစတင်ရရှိခဲ့ပြီး ဒီဂိုးကိုတော့ မက်ကလင်းက သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ဘေလ်းမပါတဲ့ ဝေလ်းအသင်းကတော့ အုပ်စုအဆင့်နဲ့သာ ကျေနပ်ခဲ့ရတာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။