ငှက်ပျောသီးဟာအရသာလည်းရှိ အာဟာရလည်းရှိ ကျန်းမာရေးအတွက်လည်းကောင်းမွန်ပါတယ်။ သူ့ရဲ့အခွံမှာလည်း လူတွေတော်တော်များများမသိသေးတဲ့ ကောင်းကျိုးတွေအများကြီးရှိပါတယ်။

(၁) သွားများကိုဖြူဝင်းစေနိုင်ခြင်း

ဒီအချက်ကိုတော့တော်တော်များများကြားဖူးကြမယ်လို့ထင်ပါတယ်။ သွားများကိုဖြူစင်အောင်ထားရတာကအရေးပါတဲ့အရာတစ်ခုပါ။ အထူးသဖြင့် လုပ်ငန်းခွင်တွေမှာနေ့စဉ်လူများစွာနဲ့ ထိတွေ့ဆက်ဆံနေရသူတွေအတွက် ပို၍အရေးကြီးပါတယ်။ သဘာဝအတိုင်းသွားလေးတွေကိုဖြူစင်ချင်တယ်ဆိုရင်တော့ တစ်နေ့ကိုတစ်ကြိမ်ငှက်ပျောခွံလေးတွေနဲ့ပွတ်ပေးပါ။ တစ်ပတ်အတွင်းမှာသိသာလာပါလိမ့်မည်။

(၂) ပိုးမွှားများကိုက်ခြင်းရန်မှကာကွယ်ရန် ဆေးကောင်းတစ်လက်

ကလေးတွေဟာမကြာခဏဆိုသလို ပိုးမွှားတွေကိုက်ခံရတတ်ပါတယ်။ သူတို့ဟာပိုးမွှားကိုက်လို့ယားယံမှုဖြစ်ရင်လက်သည်းလေးတွေနဲ့ကုတ်တတ်တာကြောင့် သူတို့အရေပြားမှာ အမာရွတ်လေးတွေကျန်ခဲ့တတ်ပါတယ်။ ပိုးမွှား ကိုက်ခံရတဲ့နေရာကို ငှက်ပျောခွံအုပ်ပေးလိုက်ရင် ယားယံခြင်းမှလည်းကာကွယ်ပေးသလို လက်သည်းဖြင့်မကုတ်ဖဲ့သဖြင့် အမာရွတ်လည်းမကျန်ခဲ့တော့ပါဘူး။

(၃) အရေပြားရောဂါအချို့ကိုကုသပေးနိုင်ခြင်း

အရေပြားရောဂါအချို့ ခန္ဓာကိုယ်မှာရှိနေတာက အလွန်ပဲစိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ အထူးသဖြင့် ကြွက်နို့လိုအရေပြားရောဂါတွေဟာ စိတ်ကိုကသိကအောက်ဖြစ်စေပါတယ်။ ငွေကုန်ကြေးကျသက်သာတဲ့ကုသနည်းကတော့ ငှက်ပျောခွံကိုရောဂါဖြစ်တဲ့နေရာမှာအုပ်ပြီး တိပ်ဖြင့်ကပ်ကာတစ်ညလုံးထားကြည့်လိုက်ပါ။ တစ်ပတ်၊နှစ်ပတ်လောက်ဆိုရင်သိသာလာပါလိမ့်မယ်။

(၄) ဝက်ခြံတွေကိုသက်သာစေနိုင်ခြင်း

ဆယ်ကျော်သက်အရွယ်ကတော့ ဝက်ခြံနဲ့ကင်းလွှတ်တဲ့သူမရှိသလောက်ပါပဲ။ ဈေးကွက်ထဲမှာ ဝက်ခြံပျောက်စေတဲ့မျက်နှာသစ်ဆေးအမျိုးမျိုး၊Toners ၊ Scrubs တွေရှိနေသော်လည်း အချို့လူတွေအတွက်ကတော့ ဝက်ခြံကိုအရှင်းနှုတ်ဆက်လို့မရနိုင်သေးဘူးဖြစ်နေပါတယ်။ ဒီလိုအခြေအနေတွေမှာဆိုရင်တော့ ငှက်ပျောခွံကို ဝက်ခြံဖြစ်တဲ့နေရာမှာ ၃၀မိနစ်လောက်အုပ်ထားပေးခြင်းဖြင့် အသားအရည်ရဲ့အစိုဓာတ်ကိုထိန်းပေးတဲ့အပြင် ရောင်ရမ်းနေတဲ့ဝက်ခြံတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

(၅) အရေးပြားတွင် အနီပိမ့်များထခြင်းကိုသက်သာစေနိုင်ခြင်း

ကြမ်းထော်တဲ့အနီပိမ့်များထတတ်တဲ့လက္ခဏာဟာ ဆေးလိပ်သောက်တတ်သူတွေမှာ ဖြစ်တတ်တဲ့လက္ခဏာတစ်ခုပါ။ ငှက်ပျောခွံကို ကြမ်းထော်နေတဲ့အနီပိမ့်တွေပေါ်မှာ ပွတ်ပေးခြင်းဖြင့် ရက်ပိုင်းအနည်းငယ်အတွင်းမှာသက်သာစေနိုင်ပါတယ်။

(၆) အသုံးအဆောင်ပစ္စည်းများမှ အညစ်အကြေးများကို ဖယ်ရှားပေးနိုင်ခြင်း

ငှက်ပျောခွံဟာ လူခန္ဓာကိုယ်ကိုအကျိုးပြုနိုင်ရုံသာမက အသုံးအဆောင်ပစ္စည်းတွေကိုသန့်ရှင်းရာမှာလည်း အသုံးပြုနိုင်ပါတယ်။ သားရေဖိနပ်၊သားရေအင်္ကျ ီနှင့်ငွေထည္ပစ္စည်းတွေမှာဖြစ်နေတဲ့ အစွန်းအထင်း အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

(၇) ခန္ဓာကိုယ်နာကျင်တာ၊ညှောင်းညာကိုက်ခဲတာကိုလျှော့ချပေးနိုင်ခြင်း

တစ်နေကုန်အလုပ်လုပ်ပြီးပြန်လာချိန်မှာ ခန္ဓာကိုယ်ကနာကျင်ညှောင်းညာနေတတ်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေကို အချိန်ကြာကြာစွဲသောက်ခြင်းဟာကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ ကျန်းမာရေးလည်းမထိခိုက်၊ ငွေကုန်ကြေးကျလည်းသက်သာ၊ လွယ်လည်းလွယ်ကူ၊ ဝေဒနာလည်းသက်သာစေတဲ့နည်းကတော့ ဝေဒနာခံစားနေရတဲ့နေရာတွေမှာ မိနစ် ၂၀လောက်ငှက်ပျော်ခွံကိုအုပ်ထားခြင်းဖြင့် ဝေဒနာတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

Source from ဆေးနည်းအဖြာဖြာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။