တချိန်က တိုက်တန်းနစ်ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့သူတွေကို ပရိသတ်တွေမှတ်မိကြမှာပါ။ထိုဇာတ်ကားဟာ ရုပ်ရှင်ချစ်ပရိသတ်ရဲ့ရင်ထဲကို စွဲလမ်းစေခဲ့တဲ့ ကမ္ဘာကျော်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။လွန်ခဲ့သော ၁၉၁၂ ခုနှစ်က အတ္တလန်တိတ် သမုဒ္ဒထဲမှာနှစ်မြှုပ်ခဲ့တဲ့ သင်္ဘောတစ်စီးဖြစ်ပါတယ်။သူ့ခေတ်အခါ ဘယ်တော့မှာမနစ်မြှုပ်ဘူးလို အာမခံထားတာဖြစ်ပါတယ်။

သဘောင်္ကြီးဟာ အတ္တလန်တိတ်သမုဒ္ဒရာထဲမှ ရေခဲကျွန်းမောနဲ့ တိုက်မိပြီးနစ်မြှုပ်ခဲ့တာလို့ ပညာရှင်များက ခန့်မှန်းထားကြပါတယ်။ဒီလိုဖြစ်ရပ်ဆိုးကြောင့် လူပေါင်း ၁၅၀၂ ဦးလောက်ဟာ ရေခဲမြစ်ထဲမှာနှစ်မြုပ်သေဆုံးခဲ့ကြပါတယ်။ကမ္ဘာတစ်ဝန်းမှာလည်း ထိတ်လန့်ကြေကွဲခဲ့ရတဲ့ အကြီးမားဆုံးရေပြင်အက်စီဒန့် တစ်ခုလဲဖြစ်ပါတယ်။

ဒီလိုကြေကွဲခဲ့ရတဲ့ ဖြစ်ရပ်ကို တိုက်တန်းနစ်ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ဒါရိုက်တာ ကင်မရွန်းကရိုက်ကူးခဲ့တာဖြစ်ပြီး ၁၉၉၇ ခုနှစ်မှာ ရုံတင်ခဲ့တာဖြစ်ပါတယ်။ထိုအချိန်က သရုပ်ဆောင်တွေကိုလည်း ပရိသတ်တွေကမေ့မသွားကြပါဘူး။ဒီဇာတ်ကားမှာ သရုပ်ဆောင်ခဲ့တဲ့သရုပ်ဆောင်တွေကတော့ နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာတဲ့ အချိန်မှာတော့ အရင်လိုတော့မဟုတ်တော့ပါဘူး။အားလုံးပြောင်းလဲကုန်ပါပြီ။ 

သတင်းအရင်းအမြစ် - သုတဇုန်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။