အောက်တိုဘာ ၉ ရက်နေ့က ဘရားဇီးလ်းနိုင်ငံ အရှေ့တောင်ပိုင်း ဆော်ပေါ်လို ပြည်နယ်ရှိ နေအိမ်တစ်ခုရဲ့ ဥယျာဉ်အတွင်းကို လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့မှုဖြစ်ပွားခဲ့ပါတယ်။ထိုလေယာဉ်ပျက်ကျမှုကြောင့် အနည်းဆုံး လူ ၃ ဦးသေဆုံးခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။

လေယာဉ်ပျက်ကျချိန်တွင် နေအိမ်အတွင်းမှာ လူမရှိကြောင်းကိုလည်း သိရပါတယ်။ဆော်ပေါ်လို မြို့မှ ၄၄၀ ကီလိုမီတာ အကွာ Sao Jose do Rio Preto မြို့တွင် ထို အင်ဂျင်တစ်လုံးတပ် Beechcraft လေယာဉ်ဟာ ပျက်ကျခဲ့တာဖြစ်ကြောင်း မီးသတ်ဌာနကပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ 

ထိုလေယာဉ်ဟာ နိုင်ငံအနောက်အလယ်ပိုင်း Mato Grosso ပြည်နယ် Tangara da Serra မြို့မှ ထွက်ခွာလာခဲ့တာဖြစ်ပြီး လေဆိပ်သို့ ဦးတည်ပျံသန်းနေစဉ် ၃၀၀ မီတာ အလိုမှာ ပျက်ကျခဲ့တာဖြစ်တယ်လို့လည်း သိရှိရပါတယ်။ဘရာဇီလ်းနိုင်ငံ လေကြောင်းတာဝန်ရှိသူများက လေယာဉ်ပျက်ကျရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း သိရှိရပါတယ်။

source - mizzima - news in burmese

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။