ဗီယက်နမ်အနိုင်ရဖို့များတဲ့အာရှဖလားခြေစစ်ပွဲ.

မြန်မာအသင်းဟာကာဂျစ်နဲ့ဒီန့ညနေမှာအာရှဖလားခြေစစ်ပွဲ

ဝင်နွှဲဖို့ရှိပါတယ်။မြန်မာအသင်းလိုပဲဗီယက်နမ်နဲ့ကမ္ဘောဒီးယား

တို့ခြေစစ်ပွဲကစားကြမှာပါ။ပထမအကျော့ကမ္ဘောဒီးယားမှာ

ဗီယက်နမ်က2ဂိုး1ဂိုးနဲ့အနိုင်ယူထားပြီးအခုဒုတိယအကျော့

မှာရောဟနွိုင်းမှာဘယ်လိုရလဒ်တွေထွက်မလဲ။

ကမ္ဘောဒီးယားနည်းပြဗစ်တာရီနိုကတော့လေနည်းနည်းကြီးတယ်ပြောရပါမယ်။

ဟနွိုင်းမှာဗီယက်နမ်ကိုအံအားသင့်ဖွယ်ရာတွေလုပ်ပြဦးမယ်လို့ထပ်ပြောပြန်ပါပြီ။

ပြီးခဲ့တဲ့တစ်ခေါက်ကလည်းသူအဲ့လိုပြောခဲ့တာပါပဲ။ဗီယက်နမ်ကတော့တောင်ကိုရီးယားနည်းပြအသစ်နဲ့

ဒီပွဲမှာစတင်ပွဲထွက်လာမှာပါ။တောင်ကိုရီးယားလက်ရွေး

စင်အသင်းကြီးရမှာဂူဟစ်ဒင့်ရဲ့နည်းပြလုပ်ခဲ့ဖူးတဲ့

သူ့ရဲ့အရည်အသွေးကိုတော့ဒီနေ့ပွဲမှာစမြင်ရမှာပါ။

ဒီနေ့ပွဲမှာကမ္ဘောဒီးယားကချန်ဗန်သာနာကာကိုတည်ပြီးပွဲထွက်လာမှာဖြစ်သလိုဗီယက်နမ်ကလည်းငုယင်ကောင်ဖောင်

ကိုအဓိကအားပြုပြီးပွဲထွက်လာမှာဖြစ်ပါတယ်။အင်ဒိုချိုင်းနား

ဒါဘီဖြစ်တဲ့အတွက်ပြိုင်ဆိုင်မှုပြင်းထန်မှာတော့အမှန်ပါပဲ။

ဒါပေမယ့်ဟနွီုင်းမှာတော့ဗီယက်နမ်ကိုအသာရဖို့ဆိုတာ

မဖြစ်နိုင်ပါဘူး။ဗီယက်နမ်ဂိုးပြတိအနိုင်ကန်မှာပါ။

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။