န်ဂိုလီးယားနိုင်ငံတွင် ကျင်းပခဲ့တဲ့(၉) ကြိမ်မြောက် ကမ္ဘာကာယဗလဲပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကာယဗလကစားသမား ထွန်းထွန်းအောင်ဟာ ရွှေတံဆိပ်ဆုဆွတ်ခူးရရှိခဲ့ကြောင်း သိရှိရပါတယ်။ ထိုပြိုင်ပွဲသို့ မြန်မာကာယဗလသမား(၂) ဦး သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး (၂)ဦးစလုံးဆုတံဆိပ်ရယူပေးနိုင်ခဲ့ပါတယ်။ 

ထွန်းထွန်းအောင်ဟာ ကီလို(၆၀) ပြိုင်ပွဲတွင် ပထမဆု ရွှေတံဆိပ် ရယူနိုင်ခဲ့ပြီးမလေးရှားက ဒုတိယ၊ကမ္ဘောဒီးယားက တတိယ အသီးသီးရရှိခဲ့ပါတယ်။ ထွန်းထွန်းအောင်ဟာပြီးခဲ့တဲ့ ဇူလိုင်လကကျင်းပခဲ့သည့် အာရှကာယဗလပြိုင်ပွဲလည်းရွှေတံဆိပ်ရယူပေးနိုင်ခဲ့တဲ့လဲဖြစ်ပါတယ်။ မြန်မာကာယဗလကစားသမား ထွန်းမင်းသည်လည်း (၆၅)ကီလိုပြိုင်ပွဲတွင် ငွေတံဆိပ်ရယူပေးနိုင်ခဲ့ပြီး ထိုင်းကစားသမား ကရွှေတံဆိပ်နဲ့ ကနေဒါကစားသမားက ကြေးတံဆိပ်ရရှိခဲ့ပါတယ်။

ယင်းပြိုင်ပွဲကို အောက်တိုဘာလ (၆)ရက်နေ့မှ(၉) ရက်နေ့အထိ ကျင်းပခဲ့ပြီး နိုင်ငံပေါင်း(၁၃၄) နိုင်ငံမှ ကစားသမား(၂၀၀)ကျော် ဝင်ရောက်ယှဉ်ခဲ့တယ်လို့သိရပါတယ်။ မြန်မာနိုင်ငံကာယဗလအဖွဲ့ ဟာ ယခုနှစ်အတွင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့နိုင်ငံတကာ ပြိုင်ပွဲတွေမှာအောင်မြင်တွေဆက်တိုက်ရရှိနေကြောင်းကိုလဲဂုဏ်ယူဝင့်ကြွားစွာသိရှိပါတယ်။ 

Source - First Eleven Sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။