၇ စင်တီမီတာ ထပ်ပိုရှည်တဲ့ ဒေါက်တွေကို မိန်းကလေးတွေ မဝတ်ကြတော့တဲ့ အချိန်မှာ ယောက်ျားစီး ဖိနပ်မှာတော့ အမြင့်ဟာ တဖြည်းဖြည်းမြင့်လာပါတော့တယ်။ ကိုရီးယားမှာဆို သူတို့ အရပ်မြင့်တယ်ထင်အောင်လို့ ယောက်ျားတော်တော်များများဟာ ဒေါက်မြင့်တွေ ဝတ်လာကြပါတော့တယ်။ တစ်ဖက်မှာတော့ မိန်းကလေးတွေ က ဒေါက်မြင့်အစား သူတို့ကို သက်သောင့် သက်သာဖြစ်စေမယ့် ဖိနပ်အပါးတွေကို ဝတ်လာကြပါတော့တယ်။

ဂွမ်းမင်ဂျေ ဆိုတဲ့ ဖိနပ်ဆိုင်ပိုင်ရှင်ကတော့ 'အခုဆိုရင် မိန်းကလေးတွေက သက်သောင့်သပ်သာဖြစ်တဲ့ ၄-၅ စင်တီမီတာ အမြင့်ကိုရွေးချယ်မှုများလာပြီး ယောက်ျားတွေကတော့ ၅-၆ စင်တီမီတာလောက်ကို ပိုပြီး ကြိုက်နှစ်သက်လာကြတယ်' ဆိုပြီးပြောထားပါတယ်။ တချို့ဆိုင်တွေဆို ရစင်တီမီတာရှိတဲ့ ဒေါက်တွေရဲ့ ရောင်းအားက ၅ဝရာခိုင်နှုန်းလောက်ကျဆင်းလာတယ်လို့ပြောတာကိုတွေ့ရပါတယ်။

နှိုင်းယှဉ်လိုက်မယ်ဆိုရင်တော့ ၂၀၁၄ လောက်ထဲက ယောက်ျားဒေါက်မြင့်တွေက ခေတ်စားလာတယ်လို့ဆိုပါတယ်။ ၂၀၁၄ မှာ ယောက်ျားစီးဒေါက်ဖိနပ် အရံပေါင်းသုံးသိန်းခြောက်သောင်း လောက်ရောင်းခဲ့ရပြီး မနှစ်ကဆို လေးသိန်းသုံးသောင်းအထိ တိုးလာတာတွေ့ရပါတယ်။ သို့ပေမယ့် ယောက်ျားစီးဒေါက်ကတော့ မိန်းကလေးတွေ ရဲ့ ဒေါက်နှင့်တော့ မတူပါဘူး။ အပြင်က ဒေါက်ကို တိုင်းရင်တော့ ၄စင်တီမီတာ သာရှိသော်လည်း ဖိနပ်အပြားနှင့်တူအောက် အထဲမှာ ၂စင်တီမီတာလောက်ရှိတဲ့ အမြင့်ကို ဖုံးထားတာဖြစ်ပါတယ်။

တနေ့နှင့် တနေ့ မတူတော့ တဲ့ ဖက်ရှင် ပုံစံတွေကြောင့် မကြာခင် ယောက်ျားဒေါက်ဟာ မိန်းမဒေါက်ဖိနပ်လိုမျိူး မထူးဆန်းတော့တဲ့ ဖိနပ်မျိုးဖြစ်လာတော့မယ်လို့ ခန့်မှန်းရတော့ အရပ်ကြောင့် စိတ်ညစ်စရာမလိုတော့တဲ့ အကြောင်းကို သင်တို့ အဖွဲ့ထဲမှာ အရပ်ပုတဲ့ ကိုကိုတွေကို မန်းရှင်းပြီးပြောပြလိုက်ပါဦးနော်။

Source : koreaboo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။