ထရန့် အစိုးရ အဖွဲ့ဟာ တာလီဘန် နဲ့ အစွန်းရောက် ISIS စစ်သွေးကြွအဖွဲ့တွေကို ဦးတည်ပြီး စက်တင်ဘာလ မှာ လေကြောင်းမှ ဗုံးကြဲမှုပေါင်း ၇၅၁ လုံးကြဲချခဲ့ပါတယ်။ ဒီအရေအတွက်ဟာ ရ နှစ်အတွင်း လအလိုက် အများဆုံး ပမာဏ လည်းဖြစ်ပါတယ် လို့ အမေရိကန် လေတပ် ဗဟိုဌာနချုပ် မှ အချက်အလက်များမှ သိရပါတယ်။ စက်တင်ဘာလ မှာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို သြဂုတ်လ ထက် ၅၀ ရာခိုင်နှုန်း တိုးမြှင့်ကြဲချခဲ့ပါတယ်။ ဒါဟာ သမ္မတ ထရန့် ရဲ့ အစွန်းရောက် အကြမ်းဖက်တွေကို ကြိုတင်ချေမှုန်းမယ့် ဗျူဟာ အရ ယခုလို တိုးမြှင့်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။

အမေရိကန် လေတပ်ဟာ မကြာသေးမီက နောက်ထပ် F-16 တိုက်လေယာဉ် ခြောက်စင်း ကို ဘာဂရမ်လေတပ် စခန်းမှာ အင်အားထပ်ဖြည့်ခဲ့ပါတယ်။ နောက်ထပ် B-52 ဗုံးကြဲလေယာဉ် တွေကို တပ်ဖြန့်ချထားပါတယ်။ အီရတ် နဲ့ ဆီးရီးယား မှာ လည်း စက်တင်ဘာလ အတွင်း ဗုံးပေါငး် ၃၅၅၀ လုံးကြဲချခဲ့ပါတယ်။ ဒါဟာ သြဂုတ်လ က ဗုံးပေါငး် ၅၀၇၅ လုံး ကြဲချခဲ့တာထက် လျော့နည်းသွားကြောင်း အစီရင်ခံစာများ အရသိရပါတယ်။

ထရန့် အစိုးရ အဖွဲ့ရဲ့ အာဖဂန်နစ္စတန် ဆိုင်ရာမူဝါဒ နဲ့ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီး ဂျိန်းမက်တစ်က ပြောကြားရာမှာ “ထရန့် အစိုးရ အဖွဲ့ရဲ့ အာဖဂန်နစ္စတန် ဆိုင်ရာမူဝါဒ တွေကတော့ တာလီဘန် နဲ့ အစွန်းရောက် ISIS စစ်သွေးကြွအဖွဲ့တွေကို ချေမှုန်းပြီး အာဖဂန်နစ္စတန် အစိုးရကိုကာကွယ် ဖို့မူဝါဒ ဖြစ်ပါတယ်” လို့ပြောကြားသွားပါတယ်။

Source: Newsweek

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။